Skip to content

Website တစ်ခုလုပ်မယ်ဆို ဘယ်ကဏ္ဍတွေက အရေးကြီးဆုံးလဲ

ကျွန်မတို့Companyကိုအလုပ်လာအပ်တဲ့တစ်ချို့လုပ်ငန်းရှင်တွေကသူတို့Websiteမှာဘာတွေထည့်ရမလဲ၊ ဘယ်အရာတွေကအရေးကြီးလဲစသဖြင့် မေးတတ်ကြပါတယ်။ အဲဒါကြောင့်ကျွန်မအနေနဲ့တွ့မြင်မိသလောက် အတွေ့အကြုံလေးတွေကိုဝေမျှပေးတာဖြစ်ပါတယ်။ဖတ်ရှု့မိသူအနေနဲ့အထောက်အကူဖြစ်မယ်လို့လည်း မျှော်လင်ပါတယ်ရှင့်။

1. Home Page
အရေးကြီးဆုံးတစ်ခုကတော့ Home Page လို့ခေါ်တဲ့ သင့် Website ရဲ့ ပထမဆုံးစာမျက်နှာဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ကသင့် Website ထဲကိုဝင်ရောက်လေ့လာတယ်ဆိုကတည်းက သင့်စီးပွားရေး သို့မဟုတ် သင့်အဖွဲ့အစည်းရဲ့ ဆောင်ရွက်ချက်တွေကို စိတ်ဝင်စား လို့ဖြစ်ပါတယ်။အဲဒါကြောင့်ပထမဆုံးစာမျက်နှာမှာသင့် ကုမ္ပဏီရဲ့ပေးနိုင်တဲ့ဝန်ဆောင်မှုတွေ၊လုှပ်ရှားမှုပုံရိပ်တွေ၊ ဈေးနှုန်းတွေ၊ ပေးချင်တဲ့အကြောင်းအရာတွေ အနည်းငယ်စီ အကျဉ်းချုပ်ပုံစံမျိုး ဖော်ပြထားနိုင်တာက ဆွဲဆောင်မှုအရှိဆုံးပုံစံ ဖြစ်ပါလိမ့်မယ်။ ထိုသို့ ဖော်ပြရာမှာလည်း ပြသထားတဲ့ပုံစံတွေ အားလုံးက ရှင်းလင်းလွယ်ကူပြီး နားလည်ရလွယ်တဲ့ပုံစံမျိုးလေးတွေနဲ့ ဖော်ပြနိုင်ဖို့ ကြိုးစားကြည့်ရပါမယ်။ သို့မှသာ ဝင်ရောက်လေ့လာသူအနေနဲ့လည်း ပထမဆုံးစာမျက်နှာမှာဘဲ ကုမ္ပဏီအကြောင်းကို နားလည် သဘောပေါက် ပြီး မိမိ၏ စိတ်ဝင်စားမှု လိုအပ်ချက်နှင့် ကိုက်ညီမညီ တစ်ခါတည်း ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ ထို့ကြောင့် Home Page သည်သင့်ကုမ္ပဏီ၏ပုံရိပ်တွေကိုအကောင်းဆုံးချပြနိုင်ဖို့နှင့် အားလုံး၏စိတ်ဝင်စားမှုကိုရယူနိုင်ဖို့အရေးပါဆုံးသော နေရာတစ်ခု ဖြစ်ပါတယ်။

2. Blog Page
နောက်ထပ်အရေးကြီးတဲ့ နေရာတစ်ခုကတော့ Blog Page သို့မဟုတ် Post Page ပဲဖြစ်ပါတယ်။ အဲဒီစာမျက်နှာကတော့ သင့်ကုမ္ပဏီရဲ့ Activity တွေကို စုပြီး ဖတ်ရှူ့စရာ Article တွေကို စုစည်းထားနိုင်တဲ့ သတင်း Page တစ်ခုဖြစ်ပါတယ်။ ပေးနိုင်တဲ့ ဝန်ဆောင်မှုတွေ အကြောင်း၊ လုပ်ဆောင်ပုံတွေကို ဓါတ်ပုံ၊ ဗီဒီယိုတွေနဲ့ ဝေေ၀ဆာဆာ တင်ပြနိုင်ပါတယ်။ အကယ်၍ သင့်ကုမ္ပဏီက လူမှုအကျိုးပြု လုပ်ငန်းဖြစ်ပါက ပြည်သူလူထုကို အသိပညာဗဟုသုတ ဝေမျှနိုင်ပါတယ်။ ထို့ကြာင့် လာရောက်လည်ပတ် ကြည့်ရှူ့သူများပြား ကာ အောင်မြင်ကြော်ကြားတဲ့ Website တစ်ခုဖြစ်လာနိုင်ပါတယ်။

3. About Page
တတိယ ထည့်သင့်တဲ့အရာကတော့ သင့်ကုမ္ပဏီအကြောင်း ဖော်ပြထားတဲ့ စာမျက်နှာပဲဖြစ်ပါတယ်။ ဒါကတော့ သင့် Customer တွေရဲ့ယုံကြည်မှုကို တည်ဆောက်နိုင်ဖို့ဖြစ်ပါတယ်။ ကုမ္ပဏီကို ဘယ်လိုစပြီး ကြိုးစားတည်ထောင်ခဲ့တယ်။ ဘယ်လိုရည် ရွယ်ချက်မျိုးတွေနဲ့ အခြေခံထားတယ် စသဖြင့်ဖော်ပြသင့်ပါတယ်။ CEO၊ MD တို့ရဲ့အကြောင်းတွေ ကစလို့ ဌာနတစ်ခုချင်းစီမှာရှိတဲ့ ဝန်ထမ်းတွေရဲ့ အကြောင်းတွေ ကျွမ်းကျင်မှုတွေကိုပါ ဖော်ပြသင့်ပါတယ်။ ထိုသို့ဖော်ပြထားပါက Customer တစ်ယောက်အနေနဲ့ သင့်ကုမ္ပဏီရဲ့ အကြောင်းအရာကို သေချာသိရှိနိုင်တာ ကြောင့် လက်တွဲလုပ်ကိုင်ဖို့ ယုံကြည်မှုတွေကို ရရှိလာနိုင်မှာဖြစ်ပါတယ်။ Website မှာပြသထားနိုင်တာကကုမ္ပဏီ၏အားသာချက်တွေကို ထုတ်ဖော်ပြသထားခြင်းဖြစ်ပြီးတစ်နည်းအားဖြင့်တရားဝင်ကြော်ငြာထား ခြင်းလည်းဖြစ်ပါတယ်။

4. The Visual Learner
နည်းပညာခေတ်ကြီးတွင် ပြည်သူလူထုကိုဗီဒီယို၊ဓါတ်ပုံတွေနှင့်Informationပေးနိုင်တာကလည်း ကောင်းမွန်တဲ့အချက်တစ်ခုဖြစ်ပါ တယ်။ အထူးသဖြင့် လူငယ်အများစုက Internet ပေါ်မှာ သူတို့သိချင်တဲ့ အကြောင်းအရာတွေကို ရှာဖွေလေ့လာတာက ထုံးစံတစ်ခု လိုဖြစ်နေပါပြီ။ ယခုအခါ လူငယ်တိုင်းလိုလို Internet ပေါ်မှာ Learning လုပ်လာတာကြောင့် စိတ်ဝင်စားနိုင်မဲ့ ဗီဒီယို၊ ဓါတ်ပုံတွေနဲ့ အချက်အလတ်တွေပေးနိုင်တဲ့ စာမျက်နှာတစ်ခုကိုလည်း ဖန်တီးသင့်ပါတယ်။ ထိုသို့လုပ်ခြင်းအားဖြင့် သင့် Website သည်ခေတ်နှင့်လျော်ညီပြီး လာလည်သူတွေကို ပျော်ရွှင်မှုပေးနိုင်ပါလိမ့်မယ်။

5. The Pricing Section
အကယ်၍ စီးပွားရေး Website တစ်ခုဖြစ်ပါက ကုမ္ပဏီမှပေးတဲ့ ဝန်ဆောင်မှုဈေးနှုန်းတွေကို ပြသထားတဲ့ စာမျက်နှာတစ်ခုလည်း လိုအပ်ပါတယ်။ ဒါကတော့ သင်နှင့် Customer အလုပ်လုပ်တဲ့အခါ ရှင်းလင်းပြတ် သားစေနိုင်ဖို့ဖြစ်ပါတယ်။ Customer အနေနဲ့ ဈေးနှုန်းတွေကို သေချာဖတ်ရှူ့ထားနိုင်တာကြောင့် လုပ်ငန်း၏ကုန်ကျစရိတ်ကို ကြိုတင်ခန့်မှန်းထားနိုင်ပြီးသင့်အနေနဲ့လည်းငွေပေးချေမှုတွင် မလိုလား အပ်သည့် ပြဿနာများကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ အကျိုးဆက်အားဖြင့် ရောင်းသူဝယ်သူနှစ်ဦးကြားက ဆက်ဆံရေးကို ပြေလည်စေနိုင်ပါတယ်။ ထို့ကြောင့် လုပ်ငန်းလည်ပတ်မှုကိုမြန်ဆန်စေကာ နှစ်ဦးနှစ်ဖတ် ရေရှည်တွင် ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်နိုင်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ စာမျက်နှာ 5 ခုကို သင် Website တစ်ခုပြုလုပ်တော့မယ်ဆိုရင် ထည့်သွင်းစဉ်းစားသင့်တယ်လို့ အကြံဉာဏ်ပေးလိုက်ရပါတယ်။ စာဖတ်သူတို့ဘက်မှ Website နှင့်ပတ်သတ်ပြီး ခက်အခဲများနှင့် အမြင်များကိုလည်း Comment တွင် ဝင်ရောက်ဆွေးနွေး ရန်ဖိတ်ခေါ်ပာတယ်ရှင့်။နည်းပညာနှင့် ပတ်သက်သော ဗဟုသုတများရရှိစေဖို့ T-WORK SYSTEM Page ကို Like လုပ်ထားဖို့ မမေ့ပါနဲ့နော်။

Leave a Comment





Scroll To Top