Skip to content

Website တစ်ခုလုပ်တော့မယ်ဆိုလျှင် စဉ်းစားသင့်တဲ့အချက်များ

သင့်စီးပွားရေးကို Websiteမရှိပဲ လည်ပတ်နေပါသလား။ အကယ်၍ဟုတ်တယ်ဆိုပြီးဖြေရင်တော့ ဒီနေ့ခေတ်မှာ သင့်စီးပွားရေးလုပ်ငန်းကို တစ်ဆင့်မြှင့်တင် ဖို့လိုလာပါပြီ။ ယခုအချိန်တွင်ဈေးဝယ်သူအများစုသည် မိမိတို့လိုချင်သောပစ္စည်းကို Website တွင်ရှာတက်လာကြသည်။ Facebook အသုံးပြုများသောကြောင့် ဈေးဝယ်သူဘက်မှ Website Link ကို တိုက်ရိုက်ညွှန်ပြ ပေးထားနိုင်သောကြောင့် ဈေးဝယ်သူဘက်မှ ယုံကြည်မှုကို တိုးတက်စေပါသည်။ Website တစ်ခုရှိထားခြင်းသည် သင့်လုပ်ငန်းကို ဈေးကွက်ချဲ့ထွင်ခြင်းနှင့်အခြားလုပ်ငန်းတူစီးပွားရေး လုပ်ငန်းများနှင့် ယှဉ်ပြိုင်ရာတွင် များစွာအကျိုးကျေးဇူး ဖြစ်ထွန်းလှသည်။

မိမိစီးပွားရေး၏ ကိုယ်ပိုင် Website တခုကို ဖန်တီးရန်မှာထင် သလောက်တော့မလွယ်ကူပါ။ သုံးစွဲမည့် ငွေကြေးပမာဏ၊ မိမိလုပ်ငန်း၏ တွင်ကျယ်မှုများကိုအရင်စဉ်းစားသင့်သည်။ ထို့နောက် မိမိ Website Domain အမည်ကို သတ်မှတ်ရန်လိုပါသည်။ Website Domain အမည်သည် မိမိ လုပ်ငန်းကို ကိုယ်စားပြုမည့် လိပ်စာအမည်ဖြစ်ပြီး မိမိ Website အောင်မြင်ရေးအတွက်ကိုယ်စားပြုသောအရေးကြီးသော အရာဖြစ်သည်။ အရေးကြီးဆုံး ကတော့မိမိ Website အား လူအများသိရှိမှုတိုးလာရန် Content များကိုလူအများစိတ် ဝင်စားအောင်ရေးသားနိုင်မှုပါပဲ။ Websiteပြုလုပ်ပေး သည့် ကုမ္ပဏီများအနေဖြင့် Content များ ဓာတ်ပုံများကို ကူူညီရေးပေးသည်ဆိုသော်လည်း မိမိလုပ်ငန်း အကြောင်းကို မိမိကိုယ်တိုင်သာသိမည်ဖြစ် သည်။ မိမိက မိမိဖောက်သည်များကို ပြောလိုသော အကြောင်းအရာများကို မိမိကိုတိုင်ရေးသားခြင်း၊ ဓာတ်ပုံများကို မိမိကိုယ်တိုင် စီစဉ်ခြင်းများပြုလုပ်သင့်ပါသည်။

Web Hosting ရွေးချယ်မှုတွင်ဟူ၍နှစ်မျိုးရှိပါသည်။မည်သည့် Web Hosting ကိုရွေးချယ်ရမည် ဆိုသည်ထက် မည်သည့် Web Hosting က မိမိလုပ်ငန်းနှင့် သင့်တော်သည်ကို ဦးစားပေး၍ ရွေးချယ်သင့်သည်။ ကောင်းမွန်သော Website တခုဆိုသည်မှာ အဖွင့်စာမျက်နှာ တစ်ခုပဲ အဓိကမဟုတ်ပါ။ အခြားစာမျက်နှာများတွင်လည်း ကြည့်ရှူ့ရလွယ်ကူပြီး နားလည်လွယ်သော ဒီဇိုင်းများဖြစ်ဖို့ရန်လည်းလိုအပ်ပါသည်။

Scroll To Top