Skip to content

Rule of Facebook Boost/Promote

Facebook ပေါ်မှာ Boost/Promote ပြုလုပ်ရာတွင်

Facebook ပေါ်မှာBoost/Promote ပြုလုပ်ရာတွင် ကိုယ်ပိုင်Websiteတွေအတွက် ကြော်ငြာခြင်းကဏ္ဍများခေတ်စားလာတာနဲ့အမျှ သိထားသင့်တဲ့အချက်များကို ပြောပြပေးချင်ပါတယ်။ကြော်ငြာတဲ့အခါမှာလည်း မိမိကြော်ငြာအတွက် စာအရေးအသားက အင်မတန်အရေးကြီး လှပါတယ်။ FacebookUser တွေကို ဆွဲဆောင်နိုင်ဖို့အတွက် အဓိကအရေးကြီးတာကြောင့် သေချာရေးသားဖို့ လိုအပ်ပါတယ်။ မိမိတို့၏ ထုတ်ကုန်/ရောင်းကုန်ပစ္စည်းများ အကြောင်း၊ မိမိတို့ဝန်ဆောင်မှုတွေ အကြောင်းကို လူအများစုနဲ့အကြိုက်တွေ့ နားလည်အသုံးပြုစေဖို့အတွက် တင်ပြပုံ အရေးအသား အဓိက လိုအပ်တယ် ဆိုတာကတော့ ပြောပြစရာ မလိုလောက်ပါဘူးနော်။

များသောအားဖြင့် ကြုံတွေ့ရလေ့ ရှိတဲ့ပြဿနာက ကြော်ငြာဓါတ်ပုံပါ။ ၎င်းကြော်ငြာဓါတ်ပုံက စာသားတွေ အများကြီးရေးထားတဲ့ ပုံမျိုးဖြစ်နေပြန်ရင်လဲ Facebook ကလက်ခံပေးလေ့ မရှိတဲ့အတွက် အဆင်မပြေပါဘူး။

အဲ့ဒီလိုမျိုးပုံနဲ့Boost/Promote ပြုလုပ်မိတဲ့အခါ ဘယ်လိုမျိုးဖြစ်လေ့ရှိလဲဆိုတော့ သတ်မှတ်ထားတဲ့ကြော်ငြာရက် အရေအတွက်မပြည့်ခင် မိမိကြော်ငြာက ဆက်မသွားတော့တာမျိုး၊ ဒါမှမဟုတ်ရင် ရောက်သင့်ရသင့်တဲ့ လူအရေအတွက် မရတာမျိုးတွေဖြစ်တတ်တာပါ။ အဲဒီအခါ ငွေအလဟဿ ကုန်တာမျိုးဖြစ်နိုင်တဲ့အပြင် သတ်မှတ်ရက် အပြည့်မရနိုင်တာကြောင့် အခြားအဆင်မပြေမှုတွေကိုပါ ဆက်ကြုံနိုင်ရပါတယ်။ ထို့ကြောင့် ကြော်ငြာ လိုသောဓါတ်ပုံက စာသားတွေအများကြီးနဲ့ ရေးသားပုံဖော်ထားတာမျိုးမဟုတ်ဘဲ လူအများနားလည်သိရှိလွယ်တဲ့ ပုံမျိုးဖြစ်ဖို့ အရင်စဉ်းစားသင့်ပါတယ်။ ရိုးရိုးရှင်းရှင်းပုံလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ စာအရေးအသားတွေနဲ့ဆိုရင် သင့်ကြော်ငြာက အောင်မြင်ဖို့ရန် ရာနှုန်းပြည့်နီးပါး သေချာနေပါပြီ။ မိမိ အသုံးပြုမယ့်ပုံမှာ စာသားများမများ၊ Boost လုပ်လို့ရမရကို စစ်ဆေးချင်ရင် https://www.facebook.com/ads/tools/text_overlay တွင်ဝင်ရောက်စစ်ဆေးနိုင်ပာသည်။

အကယ်၍ ဓါတ်ပုံပေါ်မှာဘဲ စာသားတွေရေးပြီးကြော်ငြာချင်တယ်ဆိုရင်တော့Digital Flyer ဖြင့်ကြော်ငြာသင့် ပါတယ်။ Digital Flyerဆိုတာလက်ကမ်းစာစောင်ပုံစံမျိုးနဲ့Facebook ပေါ်မှာ ကြော်ငြာတာဖြစ်တဲ့အတွက် ပုံတွေ၊စာသားတွေကို ကြိုက်သလောက်ထည့်လို့ရပါတယ်။ထို့ကြောင့် သင်ကPromotion၊ဆိုင်ပြောင်းဆိုင်ရွှေ့၊ ဆိုင်သစ်ဖွင့်တာတွေ၊ Event/Activity တွေကို၊ ကြော်ငြာချင်တယ်ဆိုရင်တော့ သာမန် Boost/Promote လုပ်တဲ့နည်းထက် Digital Flyer ကိုအသုံးပြုသင့်ပါတယ်။ Facebook ပေါ်မှာကြော်ငြာတဲ့နည်းလမ်းအမျိုးမျိုးအတွက် အသေးစိတ်မေးမြန်းချင်တယ်ဆိုရင်တော့ Comment မှာ လွပ်လပ်စွာ မေးမြန်းနိုင်ပါတယ်။ T-WORK SYSTEM Facebook Page ကို စာပို့ပြီးတော့လည်း မေးမြန်းနိုင်ပါတယ်။နည်းပညာနှင့် ပတ်သက်သော ဗဟုသုတများရရှိစေဖို့ T-WORK SYSTEM Page ကို Like လုပ်ထားဖို့ မမေ့ပါနဲ့နော်။

Leave a Comment





Scroll To Top