Skip to content

ONLINE MARKETING PROCESS AND REMARKETING

Online ပေါ်မှ Marketing ဆင်းရာတွင်

မိမိလုပ်ငန်းနှင့်သက်ဆိုင်သောသူများ (Audience),
မိမိလုပ်ငန်း၏ Customer ဖြစ်နိုင်ချေရှိသောသူများ (Potential Customer) နှင့်
မိမိလုပ်ငန်း၏ ကုန်ပစ္စည်းထုတ်ကုန်ကို ဝယ်ယူသွားသောသူ (သို့) မိမိဖောက်သည်အဖြစ်ရောက်ရှိလာသောသူ ကို (Customer) ဟူ၍ သတ်မှတ်ထားသည်။

Lead Generation
ပထမဦးစွာ လူကြီးမင်းတို့ လုပ်ငန်းနှင့်သက်ဆိုင်သည့် Audience များဆီသို့ လုပ်ငန်းအကြောင်း (သို့မဟုတ်) ထုတ်ကုန်အကြောင်း အကြမ်းဖျင်းခန့်ကို Facebook ပေါ်တွင် Post, Digital Flyer, Product Carousel, Website Link အနေဖြင့် အသက်အရွယ်အလိုက် သော်လည်ကောင်း၊ တည်နေရာ သတ်မှတ်လည်ကောင်း ကြော်ငြာသောလုပ်ဆောင်ချက်ကို Lead Generation Processဟုခေါ်သည်။
ထိုLead Generation Process ပြီးသောအခါရရှိလာသော Like, Engagement များကို Facebook Pixel Tools ,Google Analytics Tools များအသုံးပြုကာ Website ထဲတွင် မြုတ်နှံထားမည်ဖြစ်သည်။ ထိုLike Engagement များထဲမှ သာမန်ကာလျံကာ Like ပေးရုံမျှမဟုတ်ဘဲ စိတ်ဝင်တစားကြည့်ရှုသွားသူများကို ရွေးထုတ်စီစစ်ပြီး ထိုလူအများထဲးမှ မိမိလုပ်ငန်း Websiteထဲထိ ဝင်ကြည့်သွားသောသူများကို Audience တစ်ခု နှင့် Facebook Pageပေါ်တွင်ပင် ကြည့်ရှူသွားသောသူများကို Audience တစ်ခုအဖြစ် အမျိုးအစားနှစ်မျိုး သတ်မှတ်ခွဲခြားလိုက်မည်ဖြစ်သည်။
ထိုကဲ့သို့ခွဲခြားနိုင်သည့်အပြင် Website ထဲသို့ လူအများဝင်ကြည့်သွားသော ကုန်ပစ္စည်းအမျိုးအစား (Brand, Color , Type) အလိုက် ကြိုက်နှစ်သက်သူများကို Audience တစ်ခုချင်းဆီအနေဖြင့် ခွဲခြားနိုင်မည်ဖြစ်သည်။ ထို Audience များသည် လူကြီးမင်းတို့လုပ်ငန်း၏ Potential Customer များဖြစ်သည်။

Retargeting

ထို Potential Customer များထဲမှ Websiteထဲသို့ ဝင်ရောက်ကြည့်ရှု့သွားသော Audience များကို မိမိလုပ်ငန်းအကြောင်း၊ ကုန်ပစ္စည်းအကြာင်း အသုံးဝင်ပုံတို့ကို အသေးစိတ် ရေးသားထားသော Posts များကိုသာ သီးသန့်ထပ်မံ၍ ကြော်ငြာပေးမည်ဖြစ်သည်။ Facebook ထဲတွင်သာဝင်ရောက်ကြည်ရှု့သွားသော Audience များကို မိမိလုပ်ငန်းကြောင်းအရာများ၊ တခြား စိတ်ဝင်စားနိုင်သော မိမိကုန်ပစ္စည်းများ၊ မိမိထုတ်ကုန်အကြောင်း အားသာချက်များ ပိုမိုသိရှိလာစေရန်နှင့် ပိုမိုစိတ်ဝင်စားလာစေရန် ပြန်လည်ကြော်ငြာပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် မိမိWebsite Facebook Page ကို ဝင်ရောက်ကြည့်ရှု့ဖူးသော်လည်း အချိန်ကြာလာသောအခါ မိမိ လုပ်ငန်း၊ ကုန်ပစ္စည်း၊ ထုတ်ကုန်များကို မေ့လျော့နေသော Audience များနှင့် မိမိ Websiteကို တခြားအကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ကြည့်ရှု့ဖူးသူများအတွက် ထိုသူတို့၏ IP Address ကိုမှတ်သားထားကာ Facebook Page မှတစ်ဆင့် လူကြီးမင်းတို့၏ လုပ်ငန်းကို ပြန်လည်သတိရလာစေရန် ကြော်ငြာပေးနိင်မည် ဖြစ်သည်။ မိမိ Website တွင် Check Out Page ပါရှိပါက ဖောက်သည်များမိမိ ကုန်ပစ္စည်းကို ဝယ်ယူကာ ကြည့်ရှု့သူ အဖြစ်မှ Customer ဖြစ်လာသည်အထိ၊ မိမိထုတ်ကုန်များ လုပ်ငန်းကို မေ့လျော့သွာခြင်း မရှိစေရန်၊ ပိုမိုစိတ်ဝင်စားမှုရှိလာစေရန်၊ တစ်ပတ်တစ်ကြိမ် ဖြစ်စေ တစ်လတစ်ကြိမ် ဖြစ်စေ Facebook ပေါ်မှ မိမိ Audience များဆီသို့ သွားရောက်ကြော်ငြာပေးရန်စီစဉ်ပေးထားနိုင်မည်ဖြစ်သည်။

အထက်ပါ Process ကြီးတစ်ခုလုံးကို ကျွန်တော်တို့ T-WORK SYSTEM မှသင့်လျော်သော Service Charges ဖြင့် ပြုလုပ်ပေးနေပြီဖြစ်ပြီး လူကြီးမင်းတို့ အသုံးပြုမည့် ငွေကြေးပမာဏ ပေါ်မူတည်ကာ Lead Generation တွင်ရရှိလာမည့် အချက်အလက်များကို ခန့်မှန်းတွက်ချက် ပေးမည်ဖြစ်သည်။ ထို့အပြင် Process တစ်ခုချင်းဆီတွင် ရရှိထားသော အချက်အလက်များကိုလည်း အသေးစိတ်ဖော်ပြပေးသွားမည်ဖြစ်သည်။ ထိုProcess ကြီးတစ်ခုလုံးကို လူကြီးမင်းတို့ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်နိုင်ရန်လည်း (အခမဲ့) သင်ကြားပြသပေးသွားမည်ဖြစ်သည်။

ONLINE MARKETING PROCESSES AND RETARGETING ကြီးတစ်ခုလုံးကို ပြုလုပ်ရသည်မှာ ခက်ခဲရှုပ်ထွေးသည်ဟုထင်ရသော်လည်း လက်တွေ့တွင် လွန်စွာလွယ်ကူရိုးရှင်းလှပြီး ရရှိလာသော အကျိုးရလဒ်များသည်လည်း အလွန်အကျိုးရှိပြီး အခြားအခြားသော နည်းလမ်းများထက် ကုန်ကျစရိတ်များ ၊ အချိန်များ၊ လုပ်အားများ ကို ပိုမို၍ ချွေတာနိုင်မည်ဖြစ်ပါသည်။

Scroll To Top