Skip to content

How to use Facebook to promote your business

မြန်မာနိုင်ငံ၏ဆက်သွယ်ရေးနည်းပညာများဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှလူတိုင်းInternetကို တွင်ကျယ်စွာအသုံးပြုကြပြီး Social Networkများထဲမှတစ်ခုဖြစ်သောFacebookသည်လူသုံးအများဆုံးNetworkတစ်ခုဖြစ်လာ ခဲ့ပါသည်။ယခုအခါလူအများစုသည်သတင်းများဖတ်ရှူ့ခြင်း၊ဈေးဝယ်ခြင်းများကိုFacebook ပေါ်တွင် ပြုလုပ်လာကြပြီးစီးပွားရေးကြော်ငြာများကိုလည်းFacebookမှတစ်ဆင့် ကြော်ငြာခြင်းများ ခေတ်စားလာပါသည်။ အချို့သော လုပ်ငန်းများတွင် Online Marketing များ သီးသန့်လုပ်ဆောင်နေကြသည်ကိုတွေ့မြင်ကြရသည်။ Facebook သုံးစွဲသူ များပြားလာသောကြောင့် ကြော်ငြာခြင်းကိုအခြားသော Media များမှကြော်ငြာခြင်းထက် Facebookပေါ်တွင် ကြော်ငြာခြင်းသည် လူအများမြင်တွေ့မှုပိုမိုများပြားပြီး အလွန်ပင်ထိရောက်သော အကျိုးကျေးဇူးများကိုရရှိနိုင်ပါသည်။

ထို့ကြောင့် Facebook ပေါ်တွင်ကြော်ငြာခြင်း နည်းလမ်း အဆင့်ဆင့်လေးကိုပြောပြပေးချင်ပါတယ် ရှင့်။ ပထမဦးစွာ Facebook ပေါ်တွင် မိမိလုပ်ငန်းအတွက် Page တစ်ခုဖွင့်ထားရန်လိုအပ်ပါတယ်။ Page တွင် ဝင်ရောက်လာသူများ၏ စိတ်ဝင်စားမှုကိုပိုမိုရရှိရန် လုပ်ငန်းနှင့်ပတ်သက်သောအကြောင်းအရာ များ၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်း ၊ E-mail လိပ်စာ၊ Hotline ဖုန်းနံပါတ်၊ Website လိပ်စာများ ထည့်သွင်းရေးသားရန်လိုအပ်ပါသည်။ထို့နောက် Page တွင် Company မှကျင်းပပြု လုပ်မည့်ပွဲများ၊ ဓါတ်ပုံများ၊ video များ၊ အခမ်းအနားများကို Events များပြုလုပ်၍ ဖိတ်ခေါ်ခြင်းများ၊ ကြော်ငြာခြင်းများပြုလုပ်သင့်ပါသည်။

ဤသို့လုပ်ဆောင်ပြီးပါက မိမိ Page အား Promote ပြုလုပ်ခြင်းခြင်း သို့်မဟုတ် Post ကိုလူအများမြင်တွေ့နိုင်စေရန် Boots ပြုလုပ် သင့်ပါသည်။ Promote & Boots လုပ်ရာတွင် နေရာဒေသ၊ အသက်အရွယ် ၊ အမျိုးသား၊ အမျိုးသမီး နှင့် လူများစိတ်ဝင်စားမှုများကို ပိုင်းခြား၍ကြော်ငြာနိုင်ပါသည်။ မိမိလုပ်ငန်းနှင့် မသက်ဆိုင်သည့် နေရာဒေသများကို ခွဲထုတ်၍ မိမိကုန်ပစ္စည်း ဖြန့်ချီမည့်နေရာဒေသကို အဓိကထား၍ကြော်ငြာနိုင်ပါသည်။ ထို့ကြောင့် Facebook Page Promote ပြုလုပ်ခြင်းနှင့်Post Boots ပြုလုပ်ခြင်းသည်အခြားသော Media များမှကြော်ငြာခြင်းထက် ပိုမိုထိရောက်သောအကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။ လူကြီးမင်း၏ စီးပွားရေး တိုးတက်အောင်မြင်စေရန် ထိုသို့ကြော်ငြာကြည့်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အသေးစိတ်ထပ်မံသိရှိလိုပါကလည်း Comment ချန်ခဲ့ပြီး မေးမြန်းနိုင်ပါတယ်။ နည်းပညာနှင့် ပတ်သက်သော ဗဟုသုတများရရှိစေဖို့ T-WORK SYSTEM Page ကို Like လုပ်ထားဖို့ မမေ့ပါနဲ့နော်။

Scroll To Top