Skip to content

How to Create Email Account for T-WORK SYSTEM’s Customers

T-WORK SYSTEM မှ Domain Name, Hosting ဝယ်ယူထား ကြသော Customer များ အတွက် ကိုယ်ပိုင် Email Account Create ပြုလုပ်ပုံအဆင့်ဆင့်ကို တဆင့်ချင်းပြောပြပေးသွားမှာဖြစ်ပါတယ် ။

ပထမဦးစွာ Browser Address Bar တွင် domaninname.com:8443 (domainname နေရာတွင် မိမိဝယ်ယူထားသော Domain Name အမည်ကို ထည့်သွင်းပေးရမည်ဖြစ်သည်။) ကိုရိုက်ထည့်၍ Plesk panelထဲသို့ ဝင်ရပါမည်။

ပုံအတိုင်းပေါ်လာလျင် User Name နှင့် Password ကိုရိုက်သွင်းပြီး Log in Button ကိုနှိပ်၍ ဝင်ရောက်ပါ။ အကယ်၍ User Name သို့မဟုတ် Password မေ့ ပျောက်သွားခဲ့သည်ရှိသော် ကျွန်တော်တို့ လူကိုယ်တိုင်လာရောက်၍ သော်လည်ကောင်း
ဖုန်းဆက်၍သော်လည်ကောင်း User Name နှင့် Password အသစ် တောင်းခံနိုင်ပါသည်။ (လူကြီးမင်းတို့ Hosting လုံခြုံရေးအတွက် Hosting ဝယ်ယူစဉ်က Invoice စာရွက်စာတမ်း အပြည့်အစုံကို ပြသပေးရမည်ဖြစ်သည်။)

ထိုနောက်တွင် ပုံတွင်ဖော်ပြထားသော ပုံအတိုင်းပေါ်လာမည်ဖြစ်သည်။ ဘယ်ဘက် Column တွင် Mail ကို Click နှိပ်ပါ။ Mail Setting ထဲသို့ ရောက်သောအခါ Email အသစ်ပြုလုပ်ရန်
Create Email Address နှိပ်ပါ။

ပုံအတိုင်းပေါ်လာမည်ဖြစ်ပြီး Email address တွင် မိမိ ဖန်တီးလိုသော Email Account အမည် (eg, sales, office, hr@domainname.com) ကိုထည့်သွင်းရမည်ဖြစ်သည်။ ထို့နောက် Password တွင် စာလုံး 6 လုံးအနည်းဆုံးပါသော Password ကိုဖန်တီးရမည်ဖြစ်သည်။ Access to Customer Panel တွင် အမှန်ချစ်ထားပါက အမှန်ချစ်ကို ဖြုတ်ပေးရမည်ဖြစ်သည်။ ထို့နောက် အပော်တန်းမှ Forwardingကိုနှိပ်ပါ။

“Forwarding” သည် E-Mail သို့ ရောက်လာသော Mail မှန်သမျှအားလုံးကို တခြား E-Mail တခုသို့အလိုအလျောက် ရောက်ရှိစေလိုလျင် အသုံးပြုသည့် Option တခုဖြစ်သည်။ ထိုသို့ပြုလုပ်လို လျှင် Switch on mail forwardingကိုအမှန်ခြစ်ပေးရမည်ဖြစ်သည်။ ထိုနောက် မိမိလွဲပြောင်းရောက်စေလိုသော Email ကို အောက်တွက်ရှိသော စာရေးရမည့် နေရာတွင်ထည့်သွင်းရေးသားရမည်ဖြစ်သည်။ E-mail Account အကန့်အသတ်မရှိပါ။

“Email Aliases” သည် မိမိ Email Account name တွင်စာလုံးပေါင်းမှားယွင်းမှုှရှိနိုင်သည် Account Name များကို ကြိုတင်ထည့်သွင်းထားရန်ဖြစ်သည်။ ထိုသို့ ထည့်သွင်းထားခြင်းြ ဖင့်မိမိဆီသို့ Account Name စလုံးပေါင်း မှားယွင်းပြီး ပို့ခဲ့သည့်Mail များ ကိုလည်း ရယူနိုင်မည်ဖြစ်သည်။ (Eg. မိမိသည် sale@domainname.com ဆိုသည့် Mail Account တခုရှိပါက sales@domainname.com ဟု “s” စာလုံးတစ်လုံးပိုကာ ပို့လာသောစာများကို မိမိအမှန်တကယ်ဖန်တီးထားသည့် Mail Account ဖြစ်သည့် sale@domainname.com သို့ ရောက်လာမည်ဖြစ်သည်။)

“Auto Reply ” မိမိဆီသို့ ရောက်လာသော Email များကို အလိုအလျောက် Reply ပြန်နိုင်ရန် အသုံးပြုသည်။ ထို့ Option ကိုအသုံးပြုရန် Switch on auto-reply ကိုအမှန်ခြစ်ထားရမည်ဖြစ်သည်။

ထို့နောက် “General” ထဲမှ OK ကိုနှိပ်ရမည်ဖြစ်သည်။

ထိုအခါ Mail Setting တွင် မိမိဖန်တီးလိုက်သော Mail Account တခုထပ်တိုးလာမည်ဖြစ်သည်။ မလိုအပ်သည့် Mail Account များကို ဖျက်ပစ်လိုပါက ဖျက်ပစ်လိုသော Mail ကို အမှန်ခြစ်၍
Remove ကိုရွေးပေးရမည်ဖြစ်သည်။ T-WORK SYSTEM မှဖန်တီးပေးလိုက်သော Mail Setting တိုင်းတွင် လူကြီးမင်းတို့၏ လို့အပ်ချက်များဖြည့်ဆည်းပေးရန်အတွက် itadmin@domainname.comကို
အလိုအလျောက်ဖန်တီးပေးထားပါသည်။ ထို့ Mail Account ကိုမဖျက်ပစ်ရန် သတိပေးအပ်ပါသည်။ အကယ်၍ E-Mail Account Password မေ့သွားပါက မေ့သွားသော Email Account ကိုနှိပ်၍ Password
အသစ်ရိုက်ထည့်ကာလွယ်ကူစွာပြောင်းလဲနိုင်သည်။ Domain နဲ့ Hosting များကိုလည်း Visa Master Card မလိုဘဲ မြန်မာကျပ်ငွေဖြင့် အလွယ်တကူဝယ်ယူနိုင်ပါပြီ။ ဝယ်ယူပုံနည်းလမ်းအဆင့်ဆင့်ကိုလည်း https://www.tworksystem.com/blog/step-by-step-buying-domain-hosting မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။အခြားသော Service များသိရှိလိုပါကလည်း https://www.tworksystem.com/blog ထဲသို့ ဝင်ရောက်လေ့လာနိုင်ပါတယ်။
📞📞📞ဆက်သွယ်ရန်📞📞📞 📞 Phone – 09965088114
📝 Email- office@tworksystem.com
📈 Website-https://www.tworksystem.com
📘 Address- 79th st,Bet 39st x 40st , MaHarAungMyay Township, Mandalay

Leave a Comment





Scroll To Top