Skip to content

Google 2-Step Verification

G-mail သုံးစွဲသူများအတွက် အကျိုးရှိစေမည့် အကြောင်းအရာလေးတစ်ခုကို ဝေမျှပေးချင်ပါတယ်။

G-mail အသုံးပြုသူများအနေဖြင့် မိမိတို့၏ကိုယ်ပိုင် G-mail Account များကို လုံခြုံစိတ်ချစွာအသုံးပြုနိုင်ရန်နှင့် မသမာသူများ ခိုးယူသုံးစွဲခြင်းမှ ကာကွယ်ရန် G-mail Account များကို 2-Step Verification ပြုလုပ်ထားသင့်ပါသည်။ G-mail Account တစ်ခုတည်းကိုတစ်ပြိုင်နက်တည်း နေရာအနှံ့အပြားမှ အသုံးပြုခြင်း၊ Internet ပေါ်မှ လုံခြုံမှုမရှိသော Software များကို Download လုပ်မိခြင်း၊ G-mail သို့ပေးပို့လာသော မသိသော Link များကို မှားနှိပ်ခြင်း စသည့်တို့ကို ပြုလုပ်ပါက မိတ်ဆွေတို့၏ G-mail Account Password များကို အခိုးခံရဖို့ ရာခိုင်နှုန်းများစေနိုင်ပါသည်။

2-Step Verification မပြုလုပ်ထားပါက G-mail Account မှတစ်ဆင့် မိတ်ဆွေတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ၊ မိတ်ဆွေအပေါင်းအသင်းများ၏ Contact များ၊ G-mail Account နှင့် ချိတ်ဆက်ထားသော Bank Account များ၊ လုပ်ငန်းနှင့်သက်ဆိုင်သည့် အရေးကြီးသော အကြောင်းအရာများစသည်တို့ကို မသမာသူများမှရရှိပြီး မိမိ၏မိတ်ဆွေများ၊ အထက် လူကြီးများနှင့် အခြားသူများ ထံသို့ ငွေတောင်းခံခြင်းများ၊ လုပ်ငန်းသတင်း အချက်အလက်များ ခိုးယူခြင်းများ၊ Bank Account Password ပြောင်းခြင်းများ စသည့် မိတ်ဆွေကိုထိခိုက်စေနိုင်သော မလိုလားအပ်တဲ့ပြဿနာ များဖြစ်ပွားနိုင်ပါသည်။ 2-Step Verification ပြုလုပ်ထားပါက ပထမအဆင့် Account ကို ပုံမှန်အတိုင်း Password ရိုက်ပြီးဝင်ရပါမည်။ ဒီနေရာမှာ ပြောင်းလဲသွားတာကတော့ Verification Code တောင်းခံပါလိမ့်မည်။ ဒုတိယအဆင့်အနေဖြင့် Google မှ မိတ်ဆွေတို့၏ Phone သို့ SMS ဖြင့်ဖြစ်စေ Phone Call ဖြင့်ဖြစ်စေ ပေးပို့လာသော Verification Code ရိုက်ပေးရမည်ဖြစ်ပါသည်။ မိတ်ဆွေ၏ Password ရရှိရုံဖြင့် G-mail Account ကိုမဝင်ရောက်နိုင်တော့ပါ။ မိတ်ဆွေ၏ Password ရော Phone ရော နှစ်ခုလုံးရှိမှသာ G-mail Account ကိုဝင်ရောက်နိုင်မည်ဖြစ်ပါသည်။

2-Step Verification ပြုလုပ်ပုံအဆင့်ဆင့်….
https://myaccount.google.com သို့ Browser မှဝင်ပါ။ထို့နောက် Sign-in & Security သို့ဝင်ပါ။Singning in to google မှ Sign in ကိုနှိပ်၍ G-mail Account သို့ ဝင်ပါ။ Password & Sign-in Method ထဲမှ 2-Step Verification ကို နှိပ်ပါ။ 2-Step Verification အကြောင်း ရှင်းပြပေးထားသောစာများကိုဖတ်ပြီး GET STARTကို နှိပ်ပါ။ Password နောက်တစ်ကြိမ်ရိုက်နှိပ်ပါ။ နောက်တစ်ဆင့်တွင် 2-Step Verification အတွက် အကြောင်းကြားပေးစေလိုသော Phone Number ရိုက်ထည့်ပြီး Phone Call ကိုရွေးချယ်ကာ NEXT ကိုနှိပ်ပါ။ Google မှ Verification Code ပေးဖို့ဖုန်းခေါ်ပါလိမ့်မည်။ Verification Code ကိုတစ်နေရာတွင်ရေးမှတ်၍ Verification Code ရိုက်ရန် အကွက်တွင် ရိုက်ထည့်ပါ။ Summit ကိုနှိပ်ပါ။နောက်ဆုံးအဆင့် Turn On ကိုနှိပ်ပြီးပါက မိတ်ဆွေတို့၏ G-mail Account ကို 2-Step Verification ပြုလုပ်ပြီးဖြစ်ပါသည်။

နည်းပညာနှင့် ပတ်သက်သော ဗဟုသုတများရရှိစေဖို့ T-WORK SYSTEM Page ကို Like လုပ်ထားဖို့ မမေ့ပါနဲ့နော်။

အသေးစိတ်သိရှိလို၍ဖြစ်စေ ဝေဖန်အကြံပြုလို၍ဖြစ်စေ comment နှင့် E-mail များမှ တဆင့်
ဆက်သွယ်မေးမြန်းအကြံပြုနိုင်ပါတယ်။
https://www.tworksystem.com တွင်လည်း ကျွန်တော်တို့ T-WORK SYSTEM ရဲ့
Service များအကြောင်း လေ့လာကြည့်ရှုနိုင်ပါတယ်။

📞📞📞ဆက်သွယ်ရန်📞📞📞

📞 Phone – 09965088113 , 09965088114
📝 Email- [email protected]
📈 Website-https://www.tworksystem.com
📘 Address- 79th st,Bet 39st x 40st , MaHarAungMyay Township, Mandalay

Scroll To Top