Skip to content

Facebook Shop Section for E-Commerce Website

Facebook Page မှာ Shop Section Feature ကို ကောင်းကောင်းအသုံးပြုနေပြီဆိုရင်တော့ Shop Section နဲ့ချိတ်ဆက်ပြီး ဘာတွေဆက်လုပ်သင့်တယ် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုတာ ဆက်လေ့လာကြည့်ကြပါစို့။

သင့်အနေဖြင့် အောင်မြင်တဲ့ Online Shop တစ်ခုကို ရေရှည် လုပ်ဆောင်ချင်တယ် ဆိုရင်တော့ E-Commerce လို့ခေါ်တဲ့ ကိုယ်ပိုင် အရောင်းဆိုင် Website တစ်ခုရှိထားဖို့ပဲဖြစ်ပါတယ်။ ယခု Facebook မှာ Shop Section နှင့် ၀ယ်ယူမည်ဆိုပါက Message Box or Comment Box တွင် စာချန်ပြီး Shop Owner က Reply ပြန်မှသာ Order Comfirm ဖြစ်ပြီး ဈေးဝယ်ခြင်းပြီးဆုံးပါသည်။ အနောက်နိုင်ငံများတွင်တော့ Facebook Message Box တွင် တစ်ခါတည်း ငွေပေးချေနိုင်သည့်နေရာ (Check Out) ပါဝင်ပြီး Shop Owner ရဲ့ Reply ကိုစောင့်စရာမလိုပဲ လျှင်မြန်စွာဝယ်ယူနိုင်ပါသည်။ ထိုသို့ဝယ်ယူနိုင်ခြင်းမှာ E-Commerce Website ဖြင့်ချိတ်ဆက်ထားသောကြောင့်သာ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း စတင်အသုံးပြုနေကြပြီ ဖြစ်သောကြောင့် သင့်အနေနဲ့ လည်း E-Commerce Website ကို စတင်အသုံးပြု ရောင်းချကြည့်သင့်နေပြီဖြစ်ပါသည်။

E-Commerce Website တစ်ခုပိုင်ဆိုင်ထားပါက သင့်ရဲ့ Online Shop ကို Facebook Shop Section ဖြင့် ချိတ်ဆက်ကာနိုင်ငံတကာအဆင့်မှီ ရောင်းချနိုင်မည်ဖြစ်ပါသည်။ ငွေပေးချေမှုပုံစံများ၊ ပစ္စည်းပို့ဆောင်မှုစနစ်များ၊ Data များကို Record လုပ်ခြင်း၊ အခွန်စနစ်များ၊ ရောင်းချလိုသည့်နေရာများကို ပြည်တွင်းသာမက တစ်ကမ္ဘာလုံးကို သတ်မှတ်နိုင်ခြင်း၊ Discount ပုံစံအမျိုးမျိုးကို သတ်မှတ်နိုင်ခြင်း၊ ကုန်များကို မိမိတို့စိတ်ကြိုက်ပြသ ရောင်းချနိုင်ခြင်း စသည့် များပြားလှသည့် ၀န်ဆောင်မှုများကို တစ်ပြိုင်နက်တည်း ရရှိနိုင်မည်ဖြစ်သည်။ နိုင်ငံတကာတွင်ရောင်းချနေသော ပုံစံစနစ်ဖြင့်ရောင်းချနိုင်မည်ဖြစ်ပါသည်။ E-Commerce Website ဆိုတာဘာလဲ၊ ဘယ်လိုအသုံးပြုရမလဲ စသဖြင့် အသေးစိတ်ထပ်မံသိရှိလိုပါကလည်း Comment ချန်ခဲ့ပြီး မေးမြန်းနိုင်ပါတယ်။ နည်းပညာနှင့် ပတ်သက်သော ဗဟုသုတများရရှိစေဖို့ T-WORK SYSTEM Page ကို Like လုပ်ထားဖို့ မမေ့ပါနဲ့နော်။

Scroll To Top