Skip to content

Facebook Login Approval

Facebook Account ကို ဘယ်လို Security ခံပြီးသုံးမလဲဆိုတဲ့ အကြောင်းအရာလေးကို ပြောပြချင်ပါတယ်။

Facebook ကနေ ကျွန်မတို့သုံးနေတဲ့ User Account တွေရဲ့ Information တွေလုံခြုံဖို့အတွက် Notification ကဲ့သို့ Feature အသစ်တွေကို ပေးလေ့ရှိပါတယ်။ Facebook မှာ စီးပွားရေးလုပ်နေသူတွေရော တစ်ဦးချင်းသုံးနေသူတွေပါ ကိုယ်ပိုင် Account တွေကို လုံခြုံဖို့စိတ်ဝင် တစား လုပ်ဆောင်လာကြပါတယ်။

Facebook Login Approval ကို Two Factor Authentication System ဟုလည်းခေါ်ပြီး သင့် Account ဝင်တိုင်း Mobile Phone ကို Code ပေးပို့ပြီး အတည်ပြုခိုင်းမှာဖြစ်ပါတယ်။ အမြဲတမ်းအသုံးပြုတဲ့ ကွန်ပျူတာ၊ Browser အတွက် Remember This Device ပေးထားတယ်ဆိုရင်တော့ တစ်ခါအတည်ပြုသွားပြီဆိုရင် နောက်အကြိမ်တွေဝင်တဲ့အခါမှာ Password ရိုက်ပြီး ပုံမှန်အတိုင်းဝင်ရောက် အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အကယ်၍ သင်ကဖုန်းမေ့နေခဲ့တယ် ဒါမှမဟုတ်ဖုန်းပျောက်နေတဲ့ အချိန်မှာ ဆိုရင်တော့ သင့်အကောင့်ဝင်ဖူးတဲ့ Device ကနေပြန်လည်ရယူနိုင်ပါတယ်။

ထို့သို့ သင့်အကောင့်ကို လုံခြုံရေးတိုးမြှင့်ချင်တယ်ဆိုရင်တော့ Account Setting ထဲကနေတစ်ဆင့် Security ကို ဝင်ရောက်ပါ။ Login Approvals On ဆိုတဲ့စာသားလေးကိုတွေ့ရပါလိမ့်မယ်။ အဲဒီစာကြောင်းလေးရဲ့ဘေးမှာရှိတဲ့ လေးထောင့်အကွက်လေးကို အမှန်ခြစ်လိုက်ပါ။ အဲဒီ့အခါ Password တစ်ခေါက်ပြန် ရိုက်ခိုင်းပါ လိမ့်မယ်။ ရိုက်ပြီးသွားပြီဆိုရင်တော့ စာကြောင်းသုံးကြောင်းနဲ့ သင့်ကို ရှင်းပြပါလိမ့်မယ်။ အဲဒီကနေ Start Setup ကိုနှိပ်လိုက်ပြီဆိုရင် သင့်ဖုန်းနံပါတ်ကိုပြပါလိမ့်မယ်။ ထိုအခါ သင်အသုံးပြုလိုသော ဖုန်းနံပါတ် ကို ပြောင်းလဲချင်လည်းရပါသေးတယ်။ ဖုန်းနံပါတ်လည်း မှန်သွားပြီဆိုရင်တော့ Confirm လုပ်လိုက်ပါ။ အဲဒီ့အခါ သင့်ရဲ့ Phoneကို Codeတစ်ခု ပေးပို့လာပါလိမ့်မယ်။ ပေးပို့လာတဲ့ Codeကိုရိုက်လိုက်ပြီဆိုရင်တော့ လုပ်ဆောင်ချက်တွေ အောင်မြင်သွားပါပြီ။

နောက်ဆုံးအနေနဲ့သင့်ကို Login Approval ပြီးစီးကြောင်း ပေးပို့လာလိမ့်မယ်။ အဲဒီမှာ ပထမတစ်ပတ်အတွင်း Code မလိုပဲဆက်သုံးအုံးမလား ဆိုပြီး မေးထားတာပါ။ အဲဒီအခါ သင်ကခွင့်မပြုချင် ရင်တော့ No thanks, require a code right away ဆိုတာလေးကိုအမှန်ခြစ်လိုက်ပါ။ အဲဒါဆိုရင်တော့ သင့်အကောင့်ကို အခြားမည်သူတစ်ဦးတစ်ယောက်မျှ Password သိတယ်ဆိုရင်တောင် သင့်ဖုန်းသူတို့ လက်ထဲမှာမရှိဘဲ သုံးလို့မရတော့ပါဘူး။ Login Alert Notification ကဲ့သို့ အခြားနည်းလမ်းတွေလည်း ရှိသေးတာမို့ နောက်တစ်ခါမှာ ဆက်လက်တင်ပြ ပေးသွားပါ့မယ်ရှင့်။ Facebook သုံးစွဲသူတွေအကုန်လုံး အဆင်ပြေနိုင်ကြပါစေရှင့်။

နည်းပညာနှင့် ပတ်သက်သော ဗဟုသုတများရရှိစေဖို့ T-WORK SYSTEM Page ကို Like လုပ်ထားဖို့ မမေ့ပါနဲ့နော်။

အသေးစိတ်သိရှိလို၍ဖြစ်စေ ဝေဖန်အကြံပြုလို၍ဖြစ်စေ comment နှင့် E-mail များမှ တဆင့်
ဆက်သွယ်မေးမြန်းအကြံပြုနိုင်ပါတယ်။
https://www.tworksystem.com တွင်လည်း ကျွန်တော်တို့ T-WORK SYSTEM ရဲ့
Service များအကြောင်း လေ့လာကြည့်ရှုနိုင်ပါတယ်။

📞📞📞ဆက်သွယ်ရန်📞📞📞

📞 Phone – 09965088113 , 09965088114
📝 Email- [email protected]
📈 Website-https://www.tworksystem.com
📘 Address- 79th st,Bet 39st x 40st , MaHarAungMyay Township, Mandalay

Scroll To Top