Facebook Carousel
Facebook ပေါ်မှာ Advertisement ပြုလုပ်နိုင်တဲ့ နည်းလမ်းအမျိုးမျိုး ရှိတဲ့အနက် E-Commerce Website (Online Shop) ကြော်ငြာများအတွက် Facebook Carousel ကိုအသုံးပြုပြီး ဘယ်လို Design အဆန်းတွေနဲ့ ကြော်ငြာလို့ ရနိုင်မလဲဆိုတာကို လေ့လာကြည့်ရအောင်။
Facebook Carousel နှင့် ကြော်ငြာမည်ဆိုပါက Facebook Page တစ်ခု ရှိထားရန်လိုအပ်ပါသည်။ ရောင်းချသည့်ပစ္စည်းများကို အမြင်ရှင်းလင်းသည့် ကြော်ငြာမှုDesign အသစ်ဖြင့် အလွယ်တကူ ကြော်ငြာနိုင်မည်ဖြစ်ပါသည်။ရောင်းချ လိုသည့် ပစ္စည်း၏ ဓါတ်ပုံများ၊ အကြောင်းအရာများ၊ Link များ၊ ဆက်စပ်ပစ္စည်းများ အားလုံးကို Post Area တစ်ကွက်တည်းတွင် Slider များဖြင့် ဖော်ပြပေးပါသည်။
Carousel ရဲ့ အားသာချက်တွေကတော့ သာမန် Post များနှင့် မတူပဲ ပစ္စည်းတစ်ခုခြင်းဆီ အတွက် အကြောင်းအရာ၊ ဓါတ်ပုံ၊ Website Link တွေကို အကွက်တစ်ကွက်ချင်းစီဖော်ပြပေးထားမည်ဖြစ်သည်။ ထိုအကွက်များကိုလည်း Page တွင် နေရာအများကြီးမယူဘဲ Slider များဖြင့် ဖော်ပြပေးသောကြောင့် အမြင်ရှင်းလင်းကာ ရောင်းချမည့်ပစ္စည်းများအတွက် သင့်ရဲ့ Customer များကို ဆွဲဆောင်မှုပိုမို ရှိစေမည် ဖြစ်ပါသည်။
Facebook Carousel Post တစ်ခုတွင် အကွက် (10) ကွက်ထိကို Slider ပုံစံဖော်ပြနိုင်ပါသည်။ ကုန်ပစ္စည်း အမျိုးအစား (10)မျိုးထည့်သွင်းနိုင်သလို ကြော်ငြာဓါတ်ပုံ (1)ပုံတည်းကို အပိုင်းဆက်များဖြင့် အထူးအသားပေး၍ ကြော်ငြာနိုင်ပါ သေးသည်။ ထို့ကြောင့် ကုန်ပစ္စည်း ရောင်းချရန် အတွက်သာမက ကုန်ပစ္စည်းများ Advertisement ပြုလုပ်ခြင်းအတွက်လည်း Facebook Carousel ကို အသုံးပြုနိုင် ပါသည်။
ထို Facebook Carousel Post ကို သာမန် Post များကဲ့သို့ လူသိများစေရန် Boost ပြုလုပ်နိုင်ပါသည်။ အခြား Facebook ပေါ်မှာ ရောင်းချနေသော Online Shop များနဲ့ ကွဲပြားတဲ့ ကြော်ငြာခြင်း ပုံစံအသစ်တစ်မျိုးဖြင့် လူအများရဲ့ စိတ်ဝင်စားမှုကိုပိုမိုရရှိစေဖို့ Facebook Carousel ကိုအသုံးပြုပြီးကြော်ငြာလိုက်ပါ။
Facebook Carousel နှင့် ပက်သတ်ပြီး အသေးစိတ် ထပ်မံသိရှိလို့ပါကလည်း Comment တွင် လွတ်လပ်စွာ မေးမြန်းနိုင်ပါသည်။ နည်းပညာနှင့် ပတ်သက်သော ဗဟုသုတများရရှိစေဖို့ T-WORK SYSTEM Page ကို Like လုပ်ထားဖို့ မမေ့ပါနဲ့နော်။