Skip to content

Facebook Account Recovery ပြုလုပ်နည်းများ

Facebook Account ကို အကြောင်းအမျိုးမျိုးကြောင့် လုံး၀၀င်မရတော့တဲ့ အခါမျိုးမှာ

Account အသစ်ဖွင့်လိုက်ရတာတွေ Friend တွေပြန်လိုက်အပ်ရတာ ကြုံဖူးကြမှာပါ။ အဲ့လိုတွေမဖြစ်အောင် ကြိုတင်ပြီး Facebook Account Recovery လုပ်ထားသင့်ပါတယ်။ Password ခဏခဏ မေ့တတ်တဲ့သူဆိုရင်တော့ ပိုပြီးတော့ လုပ်ထားသင့်ပါတယ်။

1. E-Mail Recovery Setting ထဲက General ထဲက Contact ကိုဝင်ပါ။ သင်အမြဲတမ်း အသုံးပြုတဲ့ Gmail ထည့်ပါ။ (တစ်ခုထပ်ပိုပြီးတော့လဲ ပြုလုပ်နိုင်ပါသည်။) Primary Contact ရွေးချယ်ပါ။ Phone Number ထည့်သွင်းထားပြီးတော့လဲ ပြုလုပ်နိုင်ပါသည်။ Password မေ့သွားတဲ့အခါ ထို E-mail or Phone Number မှတစ်ဆင့် Code တောင်းခံပြီး Password Reset ပြုလုပ်နိုင်ပါသည်။

2. Phone Recovery Setting ထဲက Mobile Setting ကိုဝင်ပါ။ Phone Number ထည့်ပါ။ Code ပို့ခိုင်းပြီး Confirm ပြုလုပ်ထားပါ။ Password မေ့သွားတဲ့အခါ ထို Phone Number မှတစ်ဆင့် Code တောင်းခံပြီး Password Reset ပြုလုပ်နိုင်ပါသည်။

3. Your Trusted Contacts Recovery ပြုလုပ်ထားတဲ့ E-mail ပါဖွင့်မရတော့တဲ့ အခြေအနေမျိုးတွေအတွက် Trusted Contacts Recovery ပါပြုလုပ်ထားသင့်ပါတယ် Setting ထဲက Security ထဲက Your Trusted Contacts ကိုဝင်ပါ။ သင်၏ Facebook Friend List ထဲက အပြင်မှာ အမြဲမပြတ် အဆက်အသွယ်ရှိသော သူငယ်ချင်း 3 ယောက် မှ 5 ယောက်အထိရွေးချယ်ထားပါ။ Password မေ့သွားတဲ့အခါ Account Recovery ပြုလုပ်ခြင်းကို Your Trusted Contacts ရွေးချယ်ပါ။ Facebook မှ ထိုသူငယ်ချင်းများဆီသို့ Code များပေးပို့ပါလိမ့်မည်။ထို Code နံပါတ်များအားလုံးကို ထည့်သွင်းပြီး Password Reset ပြုလုပ်နိုင်ပါသည်။ အသေးစိတ်ထပ်မံသိရှိလိုပါကလည်း Comment ချန်ခဲ့ပြီး မေးမြန်းနိုင်ပါတယ်။ နည်းပညာနှင့် ပတ်သက်သော ဗဟုသုတများရရှိစေဖို့ T-WORK SYSTEM Page ကို Like လုပ်ထားဖို့ မမေ့နဲ့နော်။

Scroll To Top