Skip to content

Digital Pamphlet or Digital Flyer

Facebook ပေါ်မှာ သင့်ရဲ့ Pamphlet တွေကို ဝေကြည့်ရအောင်။

Promotion တွေ၊ Event တွေ၊ ဆိုင်သစ်ဖွင့်တာတွေ၊ နေရာရွှေ့တာတွေ အတွက် သာမန်ပြုလုပ်နေကြသကဲ့သို့ Pamphlet ကိုပြုလုပ် လမ်း၊ဈေးများ စသည့်နေရာတွေမှာ မိမိတို့ရဲ့ Pamphlet ကို အချိန်ပေးပြီး လိုက်ဝေရတဲ့ ငြီးငွေ့ဖွယ် အလုပ်တွေကို အပြီးသတ်နှုတ်ဆက်နိုင်ပါပြီ။

အပြင်ဖက် လမ်းတွေပေါ်မှာ ဝေတဲ့အခါ မိမိတို့ရဲ့ လက်ကမ်းစာစောင်တွေကို အမှန်တကယ် စိတ်ဝင်စားမယ့် လူတွေကို ခွဲခြားလို့မရပါဘူး။ Facebook ပေါ်မှာ သင့်စီးပွားရေးကို အမှန်တကယ် စိတ်ဝင်စားတဲ့သူတွေကိုသာ သတ်မှတ်ပြီး ကြော်ငြာနိုင်တာကြောင့် ရလာတဲ့ရလဒ်ကတော့ လုံးဝကွဲပြားမယ်ဆိုတာ အာမခံနိုင်ပါတယ်။ ထိုမျှမကသေးပါ အသက်အရွယ်၊ ကျား/မ၊ နေရာဒေသတွေအထိ ပိုင်းခြားသတ်မှတ် ကြော်ငြာနိုင်ပါသေးတယ်။

အဲဒါဆိုဒီဇိုင်းအနေနဲ့ကရော ဆိုတာမျိုးမေးလာနိုင်ပါသေးတယ်။

ဒီဇိုင်းပိုင်းမှာဆိုရင်လဲ ဖတ်ရှူ့သူတွေအနေနဲ့ လူကြီးမင်းတို့၏ အပြင်မှ အမှန်တကယ် Pamphlet စာရွက်ကို ဖတ်နေရသလိုမျိုး Facebook သုံးရင်း ဖတ်ရှူ့နိုင်မည့်အပြင် အကြောင်းအရာအလိုက် ခွဲခြားတင်ပြပေးထားနိုင်သည့်အတွက်လည်း ဆွဲဆောင်မှု ပိုမိုရှိစေမှာ ဖြစ်ပါတယ်။

ဈေးနှုန်းကရော သက်သာရဲ့လား။

ဈေးနှုန်း အနေနဲ့ကလည်း အကုန်အကျ နည်းပါတယ်။ အပြင်မှာအပ်တဲ့အခါ သူတို့သတ်မှတ်ပေးထားတဲ့ အစောင်အရေအတွက်ကို ယူကြရတာပါ။ ထို့အပြင် ကိုယ်အပ်ထားတဲ့ လက်ကမ်းစာစောင်တွေရဖို့ ရက်တွေ၊ အချိန်တွေပေးပြီး စောင့်ရပါတယ်။ ရလာတဲ့အခါကျရင်လည်း စာစောင်တွေကိုခေါက်ရတဲ့ အလုပ်က ပိုလာပါသေးတယ်။ Digital လက်ကမ်းစာစောင် လုပ်တဲ့အခါ ထိုကဲ့သို့အလုပ်မျိုးတွေကို လျော့ချနိုင်တဲ့အပြင် အကုန်အကျအတွက်လည်း မိမိစိတ်ကြိုက် Package ကိုသာ ရွေးချယ်ဝယ်ယူ သတ်မှတ်နိုင်တာကြောင့် အပြင်ထက် အများကြီး သက်သာနိုင်ပါတယ်။

သင့်ရဲ့ Digital လက်ကမ်းစာစောင်ကို Facebook ပေါ်မှာ ကြော်ငြာပြီးပါကလည်း ကျွန်မတို့ဖက်မှ သင့်စီးပွားရေးအတွက် ကြော်ငြာထားသည်ကို ဘယ်အသက်အရွယ် ဘယ်သူတွေ ဘယ်နေရာဒေသတွေက စိတ်ဝင်တစား ဖတ်ရှူ့လေ့လာ သွားတယ် ဆိုတာကိုပါ Result ပေးပို့သွားအုံးမှာပါ။

ထို့ကြောင့် သင့်စီးပွားရေး ပိုမိုအောင်မြင်နိုင်ဖို့ Facebook ပေါ်ကနေတစ်ဆင့် လက်ကမ်းစာစောင်တွေကို ဝေကြည့်ကြရအောင်။အသေးစိတ် သိရှိလိုပါကလည်း Comment တွင် လွတ်လပ်စွာ မေးမြန်းနိုင်ပါသည်။ T-WORK SYSTEM PAGE ကို Message ပေးပို့၍လည်း မေးမြန်းနိုင်ပါတယ်။ နည်းပညာနှင့်ပတ်သက်သော ဗဟုသုတများရရှိစေဖို့T-WORK SYSTEM Page ကို Like လုပ်ထားဖို့ မမေ့ပါနဲ့နော်။

Scroll To Top