Skip to content

Digital Flyer

Digital Flyer အနေဖြင့် Facebook ပေါ်မှာ လက်ကမ်းစာစောင်ဝေရအောင်

Digital Flyer အကြောင်းမပြောခင် အပြင်မှာ လက်ကမ်းစာစောင်ဝေတာနဲ့ Facebook ပေါ်မှာ လက်ကမ်းစာစောင်ဝေတာက ဘာတွေကွာလဲ ဆိုတာအရင်စဉ်းစားကြည့်ကြရအောင်။ အပြင်ဘက်မှာလက်ကမ်းစာစောင်တွေဝေတဲ့အခါဝေတဲ့သူတွေ ဘက်က မိမိတို့ ကုန်အကြောင်းကို စိတ်ဝင်စားလား မဝင်စားလားဆိုတာ ကို ခန့်မှန်းလို့မရပါဘူး။ အစောင်အရေအတွက် ကုန်သွားသော်လည်းတစ်ခါတစ်ရံထိရောက်တဲ့ အကျိုးရလဒ်တွေ မရတက်ကြဘူး ဆိုတာကို သတိပြုမိကြမှာပါ။ အဲဒါဆိုရင် Facebook ပေါ်မှာကကော ထိရောက်နိုင်ပါ့မလား။ လုံးဝအကျိုးရှိစေနိုင်ပါတယ်။ Facebook ပေါ်မှာအသက်အရွယ် ကျားမ၊ မိမိကြော်ငြာလိုသော နေရာဒေသ အတိအကျသာမက ၎င်းတို့ရဲ့ စိတ်ဝင်စားမှုတွေကိုပါ target ထား၍ ကြော်ငြာနိုင်တာကြောင့်ဖြစ်ပါတယ်။

သင်တို့ရဲ့ Customer တွေအနေနဲ့ကလည်း မြင်တွေ့နေကျ လက်ကမ်းစာစောင်ပုံစံကို Facebook ပေါ်မှာ ဖတ်ရှူ့နိုင်တာကြောင့် ပိုမိုစိတ်ဝင်စားစေနိုင်ပါတယ်။ လက်ကမ်းစာစောင် ထုတ်ဝေလိုသူအနေနဲ့လည်း ပုံနှိပ်စက်မှာအပ်ထားတဲ့အတိုင်း ဖတ်ရှုရလွယ်ကူပြီး လှပသပ်ရပ်စွာ ရရှိနိုင်မှာဖြစ်ပါတယ်။ ထိုသို့ပြုလုပ်လိုပါက Facebook Page တစ်ခုသာလိုအပ်ပါတယ်ရှင့်။ အဲဒါကြောင့် ခေတ်မှီပြီး အကျိုးကျေးဇူးများစေတဲ့ Facebook ပေါ်မှာ သင့်ရဲ့လက်ကမ်းစာစောင်တွေကို ဝေငှကြည့်ကြပါစို့။ အသေးစိတ်သိရှိလိုသည်ဖြစ်စေ၊ ထိုသို့ပြုလုပ်လိုသည်ဖြစ်စေ Comment မှာ လွပ်လပ်စွာ မေးမြန်းနိုင်ပါတယ်။နည်းပညာနှင့် ပတ်သက်သော ဗဟုသုတများရရှိစေဖို့ T-WORK SYSTEM Page ကို Like လုပ်ထားဖို့ မမေ့ပါနဲ့နော်။

Leave a Comment





Scroll To Top