Skip to content

Digital Flyer Service

လူကြီးမင်းတို့၏ ကုန်ပစ္စည်းများကို ကြော်ငြာကုန်ကျစရိတ်များ ထိရောက်သက်သာစွာဖြင့် ကြော်ငြာစေလိုပါသလား??
ကျွန်မတို့အသုံးပြုနေကျ ကြော်ငြာပုံစံများမှာ- လူစည်းကားသောနေရာများတွင် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ကြော်ငြာဆိုင်းဘုတ်များထောင်ခြင်း၊ TV, Radio Program များထဲတွင်ထည့်သွင်းခြင်း စသည်ဖြင့်ကြော်ငြာလေ့ရှိပါသည်။
ထိုသာမန်ကြော်ငြာမှုများသည် လူကြီးမင်းတို့လုပ်ငန်းနှင့်သက်ဆိုင်သော Customers များထံသို့ ရောက်ရှိ/မရောက်ရှိဆိုသည်မှာ လူကြီးမင်းတို့အနေဖြင့် လွယ်ကူသက်သာစွာသိနိုင်မည် မဟုတ်ပာ။ ထို့အပြင် လူကြီးမင်းတို့ထံသို့ အမြဲဝယ်ယူအားပေးနေသော Customersများကို မှတ်သားထားပြီး လူကြီးမင်းတို့ လုပ်ငန်း၏ ကုန်ပစ္စည်းအသစ်ကြော်ငြာခြင်းများ၊ Promotions များ ပြုလုပ်သည့်အခါ ထိုCustomer များဆီသို့ ထပ်မံရောက်ရှိရန်မှာ မလွယ်ကူပာ။ အဘယ့်ကြောင့်ဆိုသော် မိမိကုန်ပစ္စည်းကို အားပေးသော Customer များ၏ Customer Information ကို လွယ်ကူစွာမှတ်မထားနိုင်သည့်အတွက်ကြောင့်ဖြစ်သည်။ ယခုအခါ နည်းပညာများတိုးတက်လာသည်နှင့်အမျှ လူကြီးမင်းတို့၏ လုပ်ငန်း၊ ကုန်ပစ္စည်းများကို အချိန်ကုန်သက်သာထိရောက်စွာ ကြော်ငြာပေးနိုင်သော ကျွန်မတို့ T-WORK SYSTEM ၏ Features များထဲမှ Facebook Digital Flyer ကအထက်ပါအရာများကို လူကြီးမင်းတို့ စိတ်တိုင်းကျ ဈေးနှုန်းသက်သာစွာဖြင့် လုပ်ဆောင်ပေးနေပာသည်။

ဤ Facebook Digital Flyerကို အသုံးပြုခြင်းဖြင့် လူကြီးမင်းတို့ရရှိနိုင်မယ့် အကျိုးကျေးဇူးများမှာ –
✔လူကြီးတို့အနေဖြင့် တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးဆီသို့ မိမိလုပ်ငန်းကြော်ငြာ ရောက်ရှိစေလိုသော နေရာဒေသများကို ရွေးချယ်ကြော်ငြာနိုင်ခြင်း။
✔လူကြီးမင်းတို့ ကုန်ပစ္စည်းများကို စိတ်ဝင်စားနိုင်သော Customerများ၏ အသက်အပိုင်းအရွယ်အပိုင်းအခြား၊ ကျား/မ စသည်ဖြင့်ရွေးချယ်နိုင်ခြင်း။
✔လူကြီးမင်းတို့ကြော်ငြာမှတစ်ဆင့် Websiteထဲသို့ ဝင်ရောက်ကြည့်ရှုသွားသည့် Customer များအား လွယ်ကုူသက်သာစွာမှတ်သားထားနိုင်ခြင်း။
✔လူကြီးမင်းတို့လုပ်ငန်း၏ ကုန်ပစ္စည်းကို Promotionsများ၊ Discountများ ပြုလုပ်သည့်အခါ မိမိCustomersများကို ထိရောက်စွာပြန်လည် Serviceပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေကို လူကြီးမင်းတို့အနေဖြင့် လွယ်ကူသက်သာစွာရရှိနိုင်မှာဖြစ်ပါတယ်။
ယခုလို Customer Marketing Servicesတွေ အများကြီးပေးနိုင်သော Facebook Digital Flyerကိုအသုံးပြုနိုင်ဖို့ လူကြီးမင်းတို့တွင် Facebook Page တစ်ခုပဲရှိဖို့သာ လိုအပ်ပာတယ်။
လူကြီးမင်းတို့မှ ကြော်ငြာရေးသားချင်သည့် စာသားများကို Soft Copy ဖြင့် E-mail မှတစ်ဆင့် ကျွန်တော်တို့ T-WORK SYSTEM သို့ပေးပို့လိုက်ရုံဖြင့် လျင်မြန်သော ကြော်ငြာခြင်းကိုလုပ်ဆောင်နိုင်မှာဖြစ်ပာသည်။
Facebook Flyer Package တစ်ခုတွင် လူကြီးမင်းတို့အများဆုံးကြော်ငြာလိုတဲ့ Flyer Pages 5ခု ထိပါဝင်ပြီး အနည်းဆုံးမြင်တွေ့သွားနိုင်သော Customer အရေအတွက်မှာ 25000 ထိ တွေ့ရှိနိုင်ပြီး 130000 ကျပ်သာကုန်ကျမှာဖြစ်ပါသည်။
ထိုPackage ကိုတစ်ခါအသုံးပြုပြီးသော လူကြီးမင်းတို့အနေဖြင့် ဆက်လက်အသုံးပြုလိုပါက Boost Service ပမာဏရဲ့ ဝန်ဆောင်ခကိုသာ ပေးသွင်းရုံဖြင့် နောက်တစ်ကြိမ် ကြော်ငြာခွင့်ကိုရရှိနိုင်မှာဖြစ်ပါတယ်။
အချိန်ကုန်လည်း သက်သာပြီး ကုန်ကျစရိတ် သက်သာစွာဖြင့် မိမိကြော်ငြာစေလိုသော Customerများဆီသို့ ထိရောက်စွာ ရောက်ရှိစေသော T-WORK SYSTEM မှ Facebook Digital Flyer ကို လုပ်ငန်းရှင်များ၊ Online Shop များကစတင်အသုံးပြုနေကြပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပာသည်။
လူကြီးမင်းလည်း စီးပွားရေးလုပ်ငန်းများ စတင်နေသူ/တိုးချဲ့ချင်သူ (သို့မဟုတ်) ပုံမှန်သမာရိုးကျကြော်ငြာတွေကိုပဲ အသုံးပြုနေသော လုပ်ငန်းရှင်တစ်ယောက် ဆိုရင်ဖြင့် Facebook Digital Flyer ကိုစတင်အသုံးပြုကြည့်ဖို့ အကြံပေးပာရစေ။

Leave a Comment





Scroll To Top