Skip to content

Creating Gmail Account

Facebook , Viber , Wechat အစရှိသော Social Network များ အများအပြား ထွက်ပေါ် လာကြသော်လည်း ဆက်သွယ်ရေး နယ်ပယ်တွင် G-mail သည် ယခုအချိန်ထိ အရေးပါသော အရာတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။

စီးပွားရေး၊ ပညာရေးနယ်ပယ်များတွင် တစ်ဦးနှင့်တစ်ဦး အဓိကဆက်သွယ်ရာတွင် G-mail ကိုသာအသုံးပြုကြသည်။ ထို့အပြင် Facebook အစရှိသော Social Network များတွင် Account များပြုလုပ်ခြင်း၊ Online Shop Website များတွင် ဈေးဝယ်ခြင်းများ စသည်တို့တွင်လည်း G-mail Account များတောင်းခံကြသည်။ အလုပ်လျှောက်ခြင်း၊ နိုင်ငံခြားကျောင်းများသို့ ကျောင်းလျှောက်ခြင်းများ၊ ပညာသင်ဆုလျှောက်ခြင်းများကို G-mail များမှတစ်ဆင့် အဓိက ပြုလုပ်ကြရသည်။

နောက်ဆုံး Mobile ဖုန်းများတွင် ပါဝင်သော Application Stores ( ဥပမာ- Google Play Store, Apple App Store ) များတွင် G-mail Account ဝင်ရောက်ပြီးမှသာ Application များကို Download ပြုလုပ်နိုင်ပါသည်။ ထို့ကြောင့် G-mail သည် ကဏ္ဍပေါင်းစုံ အတွက် မရှိမဖြစ်လိုအပ်ပြီး လူတိုင်းတွင်ရှိထားသင့်သော အရာတစ်ခုဖြစ်ပါသည်။ G-mail Account ပြုလုပ်နည်းဟာ လွယ်ကူပြီး လူအများသိရှိပြီးသောအကြောင်းအရာတစ်ခု ဖြစ်သော်လည်း ထပ်မံအသေးစိတ်သိရှိစေလိုသောကြောင့် ပြုလုပ်ပုံအဆင့်ဆင့်ကို ရေးသားဖော်ပြပေးလိုက်ပါသည်။

1. Web-browser ( ဥပမာ-Google Chrome, Mozilla Firefox, Opera ) တစ်ခုကို ဝင်ပါ။ Address Bar တွင် https://mail.google.com ရိုက်ပါ။

2. Create Account ကိုနှိပ်ပါ။

3. အောက်တွင်ဖော်ပြပေးထားသော ဓာတ်ပုံတွင်တွေ့ရသည့်အတိုင်း လိုအပ်သော အချက်အလက်များကို ဖြည့်စွက်ပါ။

4. အားလုံးဖြည့်စွက်ပြီးပါက အောက်ဘက်တွင် ” I agree …….. ” စာတန်းကို အမှန်ခြစ်ပေးပါ။ ထို့နောက် NEXT ကိုနှိပ်ပါ။ “Welcome to Google” or “Welcome to Gmail” ဆိုတဲ့ စာတန်းပေါ်လာရင်တော့ သင့်ရဲ့ G-mail Account ပြုလုပ်ခြင်း အောင်မြင်သွားပါပြီ။

5. တစ်ခါတစ်ရံ ဖုန်းနံပါတ်ဖြင့် Activate ပြုလုပ်ခိုင်းပါသည်။ မိမိအသုံးပြုနေသော ဖုန်းနံပါတ်ကို ရိုက်ပြီး Google မှ ထိုဖုန်းနံပါတ်ကိုပေးပို့လာသော Code ကို ရိုက်နှိပ်ပြီး ပြုလုပ်နိုင်ပါသည်။

အသေးစိတ်ထပ်မံသိရှိလိုပါကလည်း Comment ချန်ခဲ့ပြီး မေးမြန်းနိုင်ပါတယ်။ နည်းပညာနှင့် ပတ်သက်သော ဗဟုသုတများရရှိစေဖို့ T-WORK SYSTEM Page ကို Like လုပ်ထားဖို့ မမေ့ပါနဲ့နော်။

Scroll To Top