Skip to content

WordPress.org Vs WordPress.com

ကျွန်တော်တို့ T-WORK SYSTEMမှ လူကြီးမင်းတို့၏ လုပ်ငန်းသုံး Website များပြုလုပ်ရာတွင် အသုံးပြုသော WordPress ဆိုသည့် CMS(Content Management System)တစ်ခုနှင့်မိတ်ဆက်ပေးပါရစေ။
ထို WordPress တွင် wordpress.com နှင့် wordpress.org ဆိုပြီး (၂) မျိုးရှိပါတယ်။
wordpress.com နဲ့ wordpress.org ရဲ့ အဓိက ခြားနားချက်ကတော့ သင့်ရဲ့ Website ကို ဘယ် WordPressက အမှန်တကယ် Hosting လုပ်နိုင်လဲ ဆိုတာဖြစ်ပါတယ်။
Hosting အကြောင်းကို ရှေ့က T-WORK SYSTEM postတွေမှာ အကျယ်တဝင့်ရှင်းပြထားပါသည်။

wordpress.org မှာဆိုရင်တော့ သင့်ရဲ့ကိုယ်ပိုင် Website (သို့မဟုတ် ) Blog တွေကို သင်ကိုယ်တိုင်အလွယ်တကူ Host လုပ်နိုင်မှာဖြစ်ပါတယ်။
WordPress.org မှာ WordPress software တွေကို ရှာဖွေ Download လုပ်နိုင်ပြီး သင့်ရဲ့ ကိုယ်ပိုင် Web Server မှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
WordPress.org နဲ့ခြားနားတဲ့ WordPress.com မှာဆိုရင်တော့ Hosting လုပ်ရာမှာ ကန့်သတ်ချက်တွေ ရှိနေပါတယ် ။
WordPress.com ကတော့ Software တွေကိုလည်း download လုပ်လို့မရရှိနိုင်သည့့်အပြင် Web Server ကိုလည်း လူကြီးမင်းတို့ကိုယ်တိုင်စီမံခန့်ခွဲလို့ရမှာ မဟုတ်ပါဘူး။

လူကြီးမင်းတို့အနေဖြင့် ပိုမိုမြင်သာစေရန်အတွက် ဥပမာတစ်ခုနဲ့တင်ပြရမယ်ဆိုရင်ဖြင့် WordPress.org က အိမ်ပိုင်ရှင်သဘောမျိုးဖြစ်ပြီး WordPress.com ကတော့ အိမ်ငှားသဘောမျိုးဖြစ်ပါတယ်။
အိမ်ရှင်က သူ့ရဲ့လုပ်ပိုင်ခွင့်အနေနဲ့ အိမ်ကို လိုသလိုပြင်ဆင်ပြောင်းလဲနိုင်သကဲ့သို့ WordPress.org ကလည်း Website Template Theme တွေ Plugin တွေကို ပြင်ဆင်ပြောင်းလဲနိုင်မှာဖြစ်ပါတယ် ။
အိမ်ငှားသဘောမျိုးဖြစ်တဲ့ WordPress.com ကတော့ သူကိုယ်တိုင် ပြင်ဆင်ပြောင်းလဲနိုင်ခြင်းမရှိဘဲ ရှိပြီးသား Website Template Theme တွေ Plugin တွေကိုပဲဆွဲယူ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

WordPress.org နဲ့ WordPress.com နှစ်ခုရဲ့ အားနည်းချက် အားသာချက်ကလေးတွေကို ထပ်မံ၍ ရှင်းပြလိုပါတယ်။ ထိုအားနည်းချက် အားသာချက်လေးတွေက သင့်ရဲ့လိုအပ်ချက်ပေါ်လည်း မူတည်နေတတ်ပါတယ်။
အကယ်၍ သင်ဟာ မိမိရဲ့ကိုယ်ပိုင် Hosting အတွက် ငွေပေးချေရခြင်း၊ Webserverကို ကိုယ်တိုင်စီမံခန့်ခွဲရခြင်း စသည့်အရာတွေကို စိတ်ဝင်စားခြင်း နှစ်သက်ခြင်းမရှိဘူးဆိုလျှင်တော့ WordPress.com က သင့်အတွက် အဆင်ပြေဆုံးဖြစ်မှာပါ။ တပ်ဆင်ရာတွင်လည်း လွယ်ကူရိုးရှင်းသည့်အပြင် သင်၏ Website ကို သင့်စိတ်တိုင်းကျ ပြင်ဆင်ပြောင်းလဲနိုင်ရန်အတွက် ရွေးချယ်ခွင့်များစွာပါဝင်မည်ဖြစ်သည်။

ဒါပေမဲ့ သူ့ရဲ့အားနည်းချက်ကတော့ Domain Nameရဲ့ နောက်မှာ Default အနေနဲ့ WordPress.com ဆိုတာလေး ပါနေပါလိမ့်မယ် အထက်မှာ ပြောခဲ့တဲ့အတိုင်းပဲ
Website Template Theme, Plugin နဲ့ သင့်ရဲ့Website ရဲနောက်ကွယ်က Php Codingတွေကို ပြင်ဆင်ပြောင်းလဲလို့လည်း ရမှာမဟုတ်ပါဘူး။

သို့ပေမဲ့လည်း Domain Name ကိုလုံးဝကြီး ပြောင်းလဲလို့မရတာမျိုးမဟုတ်ပါဘူး Domain Name နောက်က WordPress.com ပါဝင်မှုကို မနှစ်သက်လျှင်
premium upgrade များပြုလုပ်၍ ပြင်ဆင်ပြောင်းလဲမှုများပြုလုပ်နိုင်ပြီး အသစ်ထွက်ရှိလာသော Website Template Theme များကိုလည်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
WordPress.org site မှ Download လုပ်ထားသည့် WordPress Websiteကို သုံးစွဲမည်ဆိုလျှင်ဖြင့် သင့်ရဲ့ WordPress Website ဟာ သင့်အတွက် သုံးရသည်မှာ များစွာအဆင်ပြေပြီး
သင်ကိုယ်တိုင် Website ကို ပိုမိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ သို့ပေမယ့် သင်ပြုလုပ်ဆောင်ရွက်ရမည့် တာဝန်တွေကတော့ WordPress.comကထက် ပိုမိုများပြားလာမည်ဖြစ်ပါသည်။
WordPress ကို ကိုယ်တိုင် Host လုပ်တယ်ဆိုတဲ့ ဆိုလိုရင်းကတော့ သင်စိတ်ကြိုက် Domain Name ကို အသုံးပြုနိုင်ခြင်း Website၏ နောက်ကွယ်မှ Coding များကို လိုအပ်သလို ပြင်ဆင်ပြောင်းလဲနိုင်ခြင်း စသဖြင့် မိမိကိုယ်တိုင် စိတ်ကြိုက်စီမံအသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။
ထိုကဲ့သို့ မိမိစိတ်တိုင်းကျ Design များကို ပြင်ဆင်ပြောင်းလဲနိုင်သည့်အတွက်ကြောင့် WordPress Developer အများစုကတော့ WordPress.org ကို ပိုမို၍ အသုံးပြုနေကြပါပြီ။

ကျွန်တော်တို့ T-WORK SYSTEM မှ လုံခြုံမှုမြင့်မားသော Websiteများကိုလည်း ဈေးနှုန်းသက်သာစွာပြုလုပ်ဆောင်ရွက်ပေးနေသည့်အပြင်
မိမိတို့ Website အတွက်လိုအပ်သည့်ဗဟုသုတရစရာများကိုလည်းဝေမျှပေးနေပါတယ်။ ထို့ကြောင့် လူကြီးမင်းတို့အနေဖြင့် မိမိတို့လုပ်ငန်းအတွက် မိမိတို့စိတ်တိုင်းကျပြုပြင်ပြောင်းလဲနိုင်သော Websiteများကိုပြုလုပ်လိုပာက ကျွန်တော်တို့ T-WORK SYSTEM နှင့် ဆက်သွယ်ပြီး စိတ်တိုင်းကျလုပ်ဆောင်လိုက်ပါ။

Scroll To Top