Skip to content

What is Website?

အင်တာနက်ဆိုသည်မှာ ယနေ့ခေတ် နေ့စဉ်နေထိုင်မှုဘဝတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာပြီဖြစ်ပါသည်။ အင်တာနက်ပေါ်မှ လိုအပ်သော သတင်းအချက်အလက်များကို တစ်နေရာတည်းတွင် ပြီးပြည့်စွာ သိရှိနိုင်စေရန်အတွက် ဖန်တီးထားသော Website များအကြောင်းကိုလည်း သိရှိထားသင့်ပါတယ် ။

Website ဆိုသည်မှာ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော Web pages များကို တစ်စုတစ်စည်းတည်းဖြစ်စေရန်အတွက် စုစည်းပေးထားသော အဓိကနေရာတစ်ခုဖြစ်ပြီး သိရှိလိုသော အကြောင်းအရာအချက်အလက် အသေးစိတ်ကို ထိုအကြောင်းအရာနှင့် ပတ်သက်သော Website များအား ဝင်ရောက်ကြည့်ရှ လေ့လာခြင်းဖြင့် အချိန်တိုအတွင်း လွယ်ကူလျှင်မြန်စွာသိရှိနိုင်မှာ ဖြစ်ပါတယ်။ (ဥပမာ – ပညာရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ ဗဟုသုတ စသည်ဖြင့် …)

ဝင်ရောက်ကြည့်ရှုလိုသော Website Address တစ်ခုရှိသည် ဆိုကြပါစို့။ Website ကို ဝင်လိုက်ပြီဆိုသည်နှင့်တပြိုင်နက် ထို Website၏ Home Page ကို ပထမဦးဆုံး မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Home Page တွင် Website ၏် အကြောင်းနှင့် ဝန်ဆောင်မှုများကို ရှင်းလင်းဖော်ပြပေးထားမှာ ဖြစ်ပါတယ်။ Webpage တစ်ခုချင်းစီမှ သတင်းအချက်အလက်များကို ဖတ်ရှုနိုင်ပြီး ထိုမှတစ်ဆင့် ထပ်မံသိရှိလိုသည်များရှိပါက Webpage မှ ညွှန်းပေးထားသော Link များအတိုင်း လိုက်လံရှာဖွေကြည့်ရှုနိင်ပါတယ်။ Website အများစုပေါ်တွင် သီချင်းနားထောင်၍အပန်းဖြေနိုင်ခြင်း ၊ အမျိုးမျိုးသော Video များကြည့်ရှုနိုင်ခြင်း ၊ စိတ်ကြိုက်ပစ္စည်းများ ဝယ်ယူနိုင်ခြင်း ၊ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်၍ ဗဟုသုတဖလှယ်နိုင်ခြင်း စသည်တို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။

ယနေ့ခေတ်တွင် မည်သည့်စီးပွားရေးလုပ်ငန်းမဆို မည်သည့်လူပုဂ္ဂိုလ်မဆို အင်တာနက်ပေါ်တွင် ကိုယ်ပိုင် Website တစ်ခုဖန်တီးနိုင်ကြပြီဖြစ်ပါသည်။ အင်တာနက်ပေါ်တွင်လည်း လူအမျိုးမျိုးမှ ဖန်တီးထားသော Website ပေါင်းများစွာ ရှိနေပြီးဖြစ်ပါသည် ။ အကယ်၍ Website ကို သင်ကိုယ်တိုင် ဖန်တီးချင်လျှင်လည်း သင့်စိတ်ကြိုက်ဖန်တီးနိုင်မှာပါ။

အောက်ပါ link တွင် မိနစ် အနည်းငယ်အတွင်း မိမိစိတ်ကူးထဲမှ Website တစ်ခုကို အလွယ်တကူ ဖန်တီးနိုင်ရန် ဖော်ပြပေးထားပါတယ်။

လူအများစုက အောက်ပါအချက်နှစ်ချက်အတွက် Website များကို ရှာဖွေဖတ်ရှုကြပါတယ်။
>> ပထမအချက်အနေနဲ့ သူတို့လိုအပ်တဲ့ သတင်းအချက်အလက်များကို ရှာဖွေရန်ဖြစ်ပြီး (လိုအပ်သောသတင်းအချက်အလက် ဆိုသည်မှာ မည်သည့်အကြောင်းအရာမဆို ဖြစ်နိုင်ပါတယ်။)
ဥပမာအားဖြင့် ကျောင်းသားတစ်ယောက်မှ သူ၏ ကျောင်းProjectအတွက် လိုအပ်သော ဓာတ်ပုံများကို Websiteမှ ရှာဖွေစုဆောင်းခြင်း ၊ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်မှ စတော့ရှယ်ယာဈေးကွက်များ ရှာဖွေခြင်း ၊ အနီးဆုံးစားသောက်ဆိုင်၏ လိပ်စာအား ရှာဖွေခြင်း စသည်ဖြင့် .. ။
>> နောက်တစ်ချက်ကတော့ လုပ်ငန်းတစ်ခုပြီးမြောက်စေရန်အတွက်ဖြစ်ပါသည်။ ဥပမာပြရမည်ဆိုလျှင် Websiteအားဝင်ရောက်ကြည့်ရှုသူတစ်ယောက်မှ နောက်ဆုံးထွက်အရောင်းရဆုံးစာအုပ်အား ဝယ်ယူခြင်း ၊ Software Program အား Download ရယူခြင်း ၊ မိမိဝါသနာနှင့်ပတ်သက်သော Online Discussion များအား ဝင်ရောက်တိုင်ပင်ဆွေးနွေးခြင်း စသည်တို့ဖြစ်ပါသည်။

Website တစ်ခုဖန်တီးရာတွင် သိထားသင့်သည့် အကြောင်းအရာမှာ Website ကို မိမိအတွက်ဖန်တီးခြင်းမဟုတ်ဘဲ ဝင်ရောက်ကြည့်ရှုသူ Customer များအတွက် အဓိကထား ဖန်တီးရခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဖန်တီးထားသော Websiteတွင် Customer များ၏လိုအပ်ချက်နှင့် ကိုက်ညီသော အကြောင်းအရာများ ဝန်ဆောင်မှုများကို ပြည့်စုံစွာ ဖော်ပြပေးထားရမည်ဖြစ်သည်။

လူကြီးမင်းတို့အနေဖြင့် Website တစ်ခု ဖန်တီးရာတွင် အခက်အခဲရှိ၍ဖြစ်စေ အချိန်မပေးနိုင်၍ဖြစ်စေ Website တစ်ခုကို ပြီးပြည့်စုံစွာ Develop ဖြစ်စေရန်အတွက် ကျွန်တော်တို့ T-WORK SYSTEM မှ အပြည့်အဝတာဝန်ယူဆောင်ရွက်ပေးနေပြီဖြစ်ပါသည်။
လူကြီးမင်းတို့၏ လုပ်ငန်းအတွက် သေသပ်လှပပြီး လုံခြုံစိတ်ချမှုအပြည့်အဝရရှိမည့် Website တစ်ခုပိုင်ဆိုင်ရန် ကျွန်တော်တို့ဘက်မှ ကူညီဆောင်ရွက်ပေးနေပြီ ဖြစ်ပါသည် ။

T-WORK SYSTEMမှပေးသောဝန်ဆောင်မှုများနှင့်ပတ်သက်၍ မရှင်းလင်းသော အချက်များရှိပာက
( သို့မဟုတ် )
Website ပြုလုပ်ခြင်းနှင့်ပတ်သက်၍ အကြံဉာဏ်များ ရယူလိုပာက T-WORK SYSTEM Co.,Ltd သို့ ဆက်သွယ်စုံစမ်း၍ အကြံဉာဏ်များ အခမဲ့ရယူနိုင်ပာသည်။
ကျွန်တော်တို့ T-WORK SYSTEM ၏ Service များနှင့် Hosting Package များကို

https://www.tworksystem.com နှင့်

https://www.facebook.com/tworksystem/ တွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။

📞📞📞ဆက်သွယ်ရန်📞📞📞

📞 Phone – 09965088114
📝 Email- office@tworksystem.com
📈 Website-https://www.tworksystem.com
📘 Address- 79th st,Bet 39st x 40st , MaHarAungMyay Township, Mandalay

Scroll To Top