Skip to content

What is Internet

Internet ဆိုတာကတော့ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ လူတစ်ဦးနှင့်တစ်ဦးကို လျင်မြန်စွာချိတ်ဆက်ပေးနိုင်ရုံသာမက ဗဟုသုတရစရာများကိုလည်း ပေးစွမ်းနိုင်သော ဆက်သွယ်မှုကွန်ယက်နည်းပညာတစ်ခုပါ။ ထို့အပြင် မိမိရှာဖွေလိုတဲ့ သတင်းအချက်အလက်များ၊ နည်းပညာအသစ်အဆန်းများ၊ အသစ်ထွက်ရှိလာသော ဖျော်ဖြေရေးအစီအစဉ်များ၊ လက်တွေ့လုပ်ဆောင် ပြုလုပ်ပြသထားတဲ့ ဗီဒီယိုများ၊ ရေခြားမြေခြားရောက်နေသူ (မိသားစု၊သူငယ်ချင်းမိတ်ဆွေ၊ ချစ်သူခင်သူ) တို့အား တိုက်ရိုက်မျက်နှာချင်းဆိုင်ခေါ်ဆိုခြင်း၊ ဆက်သွယ်ခြင်းများ (eg- Video Call ခေါ်ဆိုခြင်း)၊ ဂြိုလ်တုနှင့် ချိတ်ဆက်၍ မိမိရောက်ရှိသော တည်နေရာကို သိနိုင်ခြင်း၊ ဒါ့အပြင် ကျောင်းသားများ၊ စာပေလေ့လာသူများအတွက် သိစေလိုသော အချက်အလက်များကိုလည်း ကျယ်ပြန့်စွာလေ့လာနိုင်တဲ့အတွက် ပိုမိုထိရောက်နိုင်ခြင်းနှင့် ဤဆက်သွယ်မှုကွန်ယက်ပေါ်မှ စီးပွားရေးလုပ်ငန်းများ (Online shopများ)ကိုလည်း တွင်ကျယ်စွာလုပ်ဆောင်နိုင်သည်အထိ အသုံးပြုနိုင်ပါတယ်။

ထို့အပြင် …..
*Global System – ကမ္ဘာလုံးဆိုင်ရာဆက်သွယ်ခြင်းကိစ္စရပ်များ။
*Information – အရေးကြီးသတင်းအချက်အလက် သိုလှောင်သိမ်းဆည်းခြင်းနှင့် ရှင်းလင်းဖလှယ်ဖော်ပြခြင်းကိစ္စရပ်များ။
*Online -ဟုခေါ်သော Socail Mediaများ ၊ Websiteများမှတဆင့် ဗဟုသုတနှင့် အသိပညာများကိုလည်းသိရှိစေနိုင်ခြင်း။
*Connections – ဆိုသည့် လူတစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဆက်သွယ်နိုင်ခြင်းများ။
*E-mail(Gmail) – ယနေ့ Internet ပော်တွင် တွင်ကျယ်စွာအသုံးပြုလာကြသော ကိုယ်ပိုင် Mailများ အသုံးပြုနိုင်ခြင်း။
*Computer,Mobile Phone – စသည့် Network ချိတ်ဆက် အသုံးပြုနိုင်တဲ့ Device များမှတဆင့် Internet ကိုအကျိုးရှိစွာအသုံးပြုနိုင်ခြင်း။
*Multimedia – Online ပေါ်တွင် ကျွန်တော်တို့ တွင်ကျယ်စွာအသုံးပြုနေကြသော (Facebook, Instagram, Twitter, etc..) များကိုကျယ်ပြန့်စွာသုံးနိုင်ခြင်း။
*Data – မိမိအတွက်အရေးကြီးသော သတင်းအချက်အလက်များကိုလည်း Internet ပေါ်တွင် လုံခြုံစိတ်ချစွာ သိမ်းဆည်းထားနိုင်ခြင်း။
*www.(World Wide Web) – Inernetကိုအသုံးပြု၍ မိမိဝင်ရောက်ကြည့်ရှု လိုသည့် Browsing Technologyသုံး (Website) များကိုလည်းသွားရောက်နိုင်ခြင်း။

စတဲ့အကျိုးအမြတ် များစွာရရှိနိုင်သော အင်တာနက်(Internet)ဆိုသည့် Networkကို ကမ္ဘာတစ်ဝန်းလုံးရှိ မီလီယံပေါင်းများစွာသောလူအများက အသုံးပြုနေကြပြီး ဖြစ်ပါတယ်။ ဒါကြောင့် မိမိအသုံးပြုနေသော Network ဆိုတဲ့ Internetအကြောင်းလေးကို ထပ်မံသိရှိစေဖို့ လေ့လာဖော်ပြပေးလိုက်ခြင်းပဲဖြစ်ပါတယ်။
နည်းပညာနှင့် ပတ်သက်သော ဗဟုသုတများရရှိစေဖို့ T-WORK SYSTEM Page ကိုလည်း Like လုပ်ထားဖို့မမေ့ပါနဲ့နော်။ https://www.tworksystem.com နှင့်
https://www.tworksystem.com/blog/ တွင်လည်း ထပ်မံသွားရောက် လေ့လာနိုင်ပါတယ်။
Email – office@tworksystem.com ,
Phone – 09965088113,09965088114.

Scroll To Top