Software Company in Mandalay

Domain Name ဆိုတာ ဘာလဲ?…

Domain Name ဆိုတာ ဘာလဲ?…

အရှင်းဆုံးပုံစံဖြေရမယ်ဆိုရင်တော့ သူက လိပ်စာ တစ်ခုပါ။

ကျွန်တော်တို့ အိမ်တစ်အိမ် ဝယ်ကြပြီဆိုပါစို့ ။ အဲ့ အတွက် အိမ်လိပ်စာ တခုရှိကိုရှိရပါတယ်။ အဲ့ဒီအိမ်လိပ်စာကတော့ Domain Nameပါ။ သူ့ကို အသုံးပြုသူ userတွေက browser link barပေါ်မှာ ရိုက်ထည့်ပြီး မှ Websiteထဲကို ဝင်ကြည့်ကြတာပါ။
ဥပမာအားဖြင့် https://www.tworksystem.com

Domain Nameကသာ အိမ်လိပ်စာ ဖြစ်ခဲ့မယ်ဆိုလျှင် ခြံဝင်းက Web Hosting ပါ။

ကျွန်တော်တို့ domain တစ်ခု ဝယ်မယ်ဆိုရင် extensionရွေးရပါသေးတယ်။ extensionဆိုတာကတော့ .com, .org , .edu, .net, .info, etc…. စတဲ့ optionsတွေကိုပြောတာပါ။

မြန်မာနိုင်ငံမှာဆိုရင်တော့ .com က အသုံးအများဆုံးပါ။ ဒီလိုမျိုး extension မှာမှ နိုင်ငံအလိုက် ခွဲခြားဝယ်ယူနိုင်ပါသေးတယ်။ .com.mm လိုမျိုးပါ။ သူက နိုင်ငံအလိုက်ခွဲခြားထားပြီး ဈေးလည်းပိုကြီးပါတယ်။ .uk ဟာဆိုရင် United Kingdom , .in ဟာဆိုရင် India အတွက်ပါ။

.mm ကတော့ မြန်မာနိုင်ငံ ကိုယ်စားပြုတာပါ။

Domain Name ကိုဝယ်ယူချင်လျှင်တော့ ကျွန်တော်တို့ T-Work Systemမှာ အလွယ်တကူ Visa Cardမလိုပဲ မြန်မာငွေနဲ့တင် လက်ငင်းဝယ်ယူလို့ ရနေပါပြီ။ ပြီးတော့လည်း ကျွန်တော်တို့ T- Work System မှာ မိမိလိုချင်သော Domain Nameကို တခါတည်း စိတ်ကြိုက်ရိုက်ရှာနိုင်ပြီး ငွေချေပြီးသည်နှင့်တပြိုင်နက် ၂၄နာရီအတွင်း ရရှိမှဖြစ်ပါတယ်။

အောက်ကတော့ ကျွန်တော်တို့ T-Work System ရဲ့ linkလေးပါ။
https://www.tworksystem.com

Domain Name ကောင်းကောင်းတစ်ခု ရဖို့ ဘယ်လိုရွေးချယ်ရမလဲ?…..

မှန်ကန်ပြီး လှပတဲ့ Domain Nameတစ်ခုကို ဘယ်လိုရွေးချယ်ရမလဲဆိုတော့ နည်းလမ်းလေးတွေကိုပြောပြမယ်နော်။

ကျွန်တော်တို့ လုပ်ငန်း အောင်မြင်မှုရဖို့ ဆိုရင် online mediaအပိုင်းကလည်း အရေးပါလှတယ်ဆိုတာ သိကြမှာပါ။

ဒါကြောင့် domain ရွေးချယ်မှုက ကိုယ့်လုပ်ငန်းကို လူသိများလားစေဖို့မှာ အရေးပါနေပါပြီ။

ဒီအချက် (၈)ချက်လေးကို ဖတ်ပြီး မိမိတို့ရဲ့ Domain Nameလေးတွေကို မှန်မှန်ကန်ကန်ရွေးချယ်ကြရအောင်လားဗျာ။

၁။ ဖြစ်နိုင်မယ်ဆိုရင် .com extension ကိုပဲ အတတ်နိုင်ဆုံးရွေးချယ်ပါ။

၂။ မိမိရဲ့ brandအတွက် အဓိက ဖြစ်စေတဲ့ စကားလုံး (keyword)ကို သေချာလေးရွေးချယ်ပါ။

၃။ တတ်နိုင်သမျှ တိုတိုနဲ့ အဓိပ္ပါယ်ရှိတဲ့ keyword ကိုရွေးပါ။

၎။ စာလုံးပေါင်းရလွယ်ကူပြီး လူအများတခေါက်ဖတ်ရုံမှတ်မိစေနိုင်မယ့် စကားလုံးကိုသာ သုံးပါ။

၅။ Uniqueဖြစ်စေပြီး မိမိ brand ကိုပေါ်လွင်စေမယ့် စကားလုံး(keyword) ကိုသာ ရွေးချယ်ပါ။

၆။ hyphen (-) မပါအောင် ရွေးချယ်ပါ။

၇။ စကားလုံး တွေ နှစ်ထပ် (doubled letters) ဖြစ်နေတာကို ရှောင်ရှားပါ။(ဥပမာ – wordpresssetting လိုမျိုး စကားလုံးပါ)

၈။ နောက်ဆုံးအချက်လေးကတော့ မိမိbrand အတွက် ဘုံသုံးလို့ရမယ့် domainကို ရွေးချယ်ပါ။

(ကျွန်တော်တို့က သစ်ခွပန်း orchid ရောင်းတယ် ဆိုပါစို့ orchidshop.com ဆိုပြီး ရွေးမယ့်အစား နှင်းဆီပန်း ထပ်ရောင်းရင်လည်း အဆင်ပြေရအောင် အစတည်းက folowershop.com ဆိုပြီး ဘုံဖြစ်စေမယ့် unique လည်း ဖြစ်စေမယ့် Domain ကိုပဲ ရွေးပေးပါ။)

ဒီထက်ပိုကောင်းတဲ့ IT နည်းပညာနှင့်ပတ်သက်သော အခြားဗဟုသုတများသိရှိလိုပါက T-WORK SYSTEM ၏ Blog Page ဖြစ်တဲ့ https://www.tworksystem.com/blog မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။
Domain နဲ့ Hosting များကိုလည်း Visa Master Card မလိုဘဲ မြန်မာကျပ်ငွေဖြင့် အလွယ်တကူဝယ်ယူနိုင်ပါပြီ။
ဝယ်ယူပုံနည်းလမ်းအဆင့်ဆင့်ကိုလည်း https://www.tworksystem.com/blog/step-by-step-buying-domain-hosting မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။

အသေးစိတ်သိရှိလို၍ဖြစ်စေ ဝေဖန်အကြံပြုလို၍ဖြစ်စေ comment နှင့် E-mail များမှ တဆင့်
ဆက်သွယ်မေးမြန်းအကြံပြုနိုင်ပါတယ်။
https://www.tworksystem.com တွင်လည်း ကျွန်တော်တို့ T-WORK SYSTEM ရဲ့
Service များအကြောင်း လေ့လာကြည့်ရှုနိုင်ပါတယ်။

📞📞📞ဆက်သွယ်ရန်📞📞📞

📞 Phone – 09965088113 , 09965088114
📝 Email- office@tworksystem.com
📈 Website-https://www.tworksystem.com
📘 Address- 79th st,Bet 39st x 40st , MaHarAungMyay Township, Mandalay

Leave a Comment