Software Company in Mandalay
Skip to content

Social Media ပေါ်ကနေပြီ Digital Marketing, Online Marketing , Digital Branding, E-Mail Marketing တွေပြုလုပ်လို့ရနေပြီ။ Website ဘာလို့လိုအပ်နေသေးတာလဲ ???

မည့်သည့် Social Media Platform ကိုအသုံးပြုသည်ဖြစ်စေ ကိုယ်ပိုင် Platform တစ်ခုကတော့ လိုအပ်ပါသည်။ ခိုင်မာသေချာသည့် လုပ်ငန်းအတွက် Website တစ်ခုသေချာပေါက် လိုအပ်မှာပါ။

Website ကိုမိမိတို့ အသုံးပြုနေသည့် Social Media အားလုံး၏ အဓိကပင်မနေရာတစ်ခုအဖြစ်ထားရှိမည်ဆိုပါက ……

Social Media တွင် လတ်တလော ကြော်ငြာပေးထားသည့် Post သို့မဟုတ် ထုတ်ကုန်အကြောင်းကိုသာ Customer များအလွယ်တကူတွေ့နိုင်ပြီး မိမိလုပ်ငန်း Service Product များ အားလုံးအကြောင်းသိရှိလိုပါက History ပေါင်းများစွာကို ကျော်ဖြတ်ကြည့်ရှုရမှာဖြစ်ပါတယ်။ Website တစ်ခု ရှိထားမည်ဆိုပါက Customer သည် မည်သည့်Social Media မှ Website ထဲသို့ ရောက်လာသည်ဖြစ်စေ Website ထဲသို့ရောက်လာသည်နှင့် သူရှာဖွေလိုသော အကြောင်းအရာ သူသိရှိလိုသော Product ကိုလွယ်လွယ်ကူကူရှာဖွေနိုင်မည်ဖြစ်သည်။

Website ၏ Menu Tabs တွင် (Home, Service, Products, History, About Us, Contact Us) အစရှိသဖြင့် ခွဲခြားထားနိုင်သောကြောင့် Customer မှ သူသိလိုသည့် အကြောင်းအရာကို မြန်မြန်ဆန်ဆန် ရှာဖွေနိုင်ပါသည်။ Customer မှ မိမိထုတ်ကုန်များစွာ ထဲမှ ထုန်ကုန်တစ်ခု အကြောင်းကို သိရှိလိုပါကလည် Catagory၊ အမည်၊ အမျိုးအစားကို ရိုက်၍ဖြစ်စေ အလွယ်တကူ ရှာဖွေနိုင်ပါသည်။

ထို့ပြင်ကိုယ်ပိုင် Hostingတွင် မိမိ Service Product ကိုစိတ်ဝင်စား၍ ဖြစ်စေ သိရှိလို၍ဖြစ်စေ Website ကိုဝင်ရောက်လာသော Customer များ၏ Data များကို သိမ်းထားပေးနိုင်သည်။ ထိုသို့ သိမ်းထားပေးနိုင်ခြင်းအားဖြင့် မိမိ Product ကို Customer များဆီသို့ ထပ်မံကြော်ငြာရာတွင် ထိုData များကို အကျိုးရှိစွာ အသုံးချနိုင်သည်။ Customer များ၏ စိတ်ဝင်စားမှုအလိုက် မိမိ Product များကို ခွဲခြား၍ ပြန်လည်ကြော်ငြာပေးနိုင်သည်။ ထိုသို့ ပြုလုပ်နိုင်ခြင်း အားဖြင့် Samsung Phone အမျိုးအစားစိတ်ဝင်စားသော Customer ကို Huawei Phone Product ကြော်ငြာခြင်းမျိုးကို ရှောင်ရှားနိုင်သည်။

အကယ်၍ Product အသစ်ထုတ်သောကြောင့် Brand အားလုံးအတွက် ကြော်ငြာရမည်ဆိုပါကလည်း ရရှိထားသော Data များဖြင့် လိုသလို ပေါင်းစပ် ကြော်ငြာနိုင်သည်။ မိမိWebsite ကို ဝင်ရောက်သွားသော သူများ ၏ တုန့်ပြန်မှုပေါ်မူတည်၍ Customer များကို နည်းလမ်းအမျိုးမျိုးဖြင့် Marketing ပြုလုပ်ဆွဲဆောင်နိုင်သည်။

အထက်အပါအကြောင်းအရာသည် Website ကိုMarketing ဘက်တွင်အသုံးချနေသော ပုံစံတစ်ခုဖြစ်သည်။ Website ကိုမြေပြင်တွင် မှ Marketing Process များကဲ့သို့ Online ပေါ်တွင် လည်း နည်းလမ်းပေါင်ဆုံဖြင့် ကြိုက်နှစ်သက်ရာ Social Media ဖြင့်ပေါင်းစပ် အသုံးပြုနိုင်သည်။

Website ကို Information ဖြန့်ဝေပေးသည့် နေရာတစ်ခုပုံစံလောက်သာ သဘောမထားဘဲ တွင်တွင်ကျယ်ကျယ် အသုံးပြုပါက ပုံမှန်ပြုလုပ်နေကြ Digital Marketing, Online Marketing, Digital Branding, Processes တွင်များစွာပိုမိုအကျိုးကျေးဇူးရရှိနိုင်ပါသည်။

ထို့အတူ E-Mail Marketing ပိုင်းတွင် Social Network and Media အစား ကိုယ်ပိုင် Domain ဖြင့် ကိုယ်ပိုင်E-mail ကို အသုံးပြုမယ်ဆိုရင် Customer ရဲ့ယုံကြည်မှုကို ပိုမိုရရှိနိင်မှာပါ။

ထိုကြောင့် ခိုင်မာသေချာသည့် လုပ်ငန်းအတွက် Website တစ်ခုသေချာပေါက် လိုအပ်နေပြီနော်

https://www.tworksystem.com
☎HotLine:09-965 088114
📩sales@tworksystem.com
🏡 T-WORK SYSTEM Co.,Ltd , No (14/1), 79th Street, between 39th Street and 40th Street, Maharaungmyae Township, Mandalay

Leave a Comment





Scroll To Top