Skip to content

Advantages of Facebook Page Creation

Facebook ဆိုတာ အခုချိန်မှာ ကမ္ဘာအနှံ့ အသုံးပြုသူအများဆုံး Social Media တစ်ခု ဖြစ်ပါတယ် ။
ခန့်မှန်းချက်အရ *လူပေါင်း ၇၀၀* Million အသုံးပြုနေကြပါပြီ!
စီးပွားရေးလုပ်ငန်းအများစုကလည်း Product တွေအတွက် Facebook ကိုပဲ ဦးတည်လာနေကြပါတယ်။
လုပ်ငန်းတစ်ခုအတွက် Facebook Page လုပ်ခြင်းက ဘယ်လိုအကျိုးအမြတ်တွေ ရရှိနိုင်တယ် ဆိုတာ တကယ် စိတ်ဝင်စားဖို့ကောင်းပါတယ်!!!
ထို့ကြောင့် Facebook Page လုပ်ခြင်းရဲ့ ကောင်းကျိုး တွေကို ပြောပြလိုပါတယ်။
မိနစ်အနည်းငယ် အချိန်ပေးဖတ်ရုံမျှဖြင့် ဗဟုသုတများ တိုးပွားလာစေမှာပါ!!!

1) စီးပွားရေးအတွက် အကျိုးများစွာ ရှိစေပါတယ်

အခုချိန်မှာ Personal Account နဲ့ စီးပွားရေး လုပ်ပြီးအောင်မြင်ကောင်း အောင်မြင်နေပါလိမ့်မယ်။ သို့သော် စီးပွားရေးကို ထပ်မံချဲ့ထွင်လိုတယ်ဆိုရင် Account တစ်ခုရှိရုံမျှဖြင့် မလုံလောက်တော့ပါဘူး။ သေးငယ်တဲ့ စီးပွားရေးဖြစ်ရင်တောင် Facebook Page မရှိရင် လူသိနည်းတဲ့ အတွက် ကိုယ်ရဲ့ Product ကို Customer တွေဆီ လျင်လျင်မြန်မြန်နဲ့ ထိထိရောက်ရောက် မချဲ့ထွင်နိုင်ပါဘူး။ Facebook Page ရှိမှသာလျှင် Facebook’s Team က Support ပေးထားတဲ့ Business Facilities(Product Advertising, Digital Flyer, etc…) တွေကို အပြည့်အ၀ ရရှိမှာဖြစ်ပါတယ်။

2) စိတ်တိုင်းကျ Customer များ သတ်မှတ်နိုင်ခြင်း

မိမိရဲ့ Product ကို ဘယ်လို Customer ဆီရောက်စေချင်သလဲ??????
ကိုယ်ရောက်စေချင်တဲ့ Customer တွေကို စိတ်တိုင်းကျ သတ်မှတ်ထားလို့ရပါတယ်။
ဥပမာအားဖြင့် အသက်အရွယ် အပိုင်းအခြား ဘယ်လောက်ကနေ ဘယ်လောက်ထိ ဆိုပြီး ယောကျာ်းလေးသီးသန့်၊ မိန်းကလေးသီးသန့်၊ နယ်ပယ်အပိုင်းအခြား (ကျောင်းသူ ကျောင်းသား ရုံးဝန်ထမ်း စီးပွားရေးလုပ်ငန်းရှင် ..)
အစရှိသည်ဖြင့် သတ်မှတ်လို့ရပါတယ်။

3)မိမိလုပ်ငန်းကို လူသိများလာစေခြင်း

ဒီအပိုင်းက ပြောပြစရာတောင် လိုမယ်မထင်ပါဘူး။ သင့်ရဲ့Pageကို လူသိများလာတာနဲ့အမျှ သင့်လုပ်ငန်းကိုလည်း
လူသိများလေလေ သင့်ရဲ့ Product ကို နယ်ပယ်ချဲ့ထွင်နိုင်လေလေပဲ မဟုတ်ပါလား။ Product အသစ်တွေ Service တွေကို page မှာကြေငြာပြီး Customer တွေရဲ့ Feedback တွေကိုလည်း ရယူနိုင်မှာ ဖြစ်ပါတယ်။

ကဲ ဒီလောက်ဆိုရင် Facebook page ဟာ စီးပွားရေးအတွက် ထိရောက်တဲ့ နည်းလမ်းလားဆိုတာကို သိလောက်ပြီးဖြစ်တယ်လို့ မျှော်လင့်ပါတယ်။
IT နဲ့ပတ်သတ်တဲ့ နည်းပညာဗဟုသုတများကို ပိုမိုသိရှိလိုလျှင် T-WORK SYSTEM ရဲ့ Blog Post ( https://www.tworksystem.com/blog/ ) တွေကို ရှာဖွေဖတ်ရှုနိုင်ပါတယ်။

အသေးစိတ်သိရှိလို၍ဖြစ်စေ ဝေဖန်အကြံပြုလို၍ဖြစ်စေ Comment နှင့် E-mail များတွင်လည်း ဆက်သွယ်မေးမြန်းအကြံပြုနိုင်ပါတယ်။
ဆက်သွယ်ရန် –
Email – office@tworksystem.com,
Ph – 09965088113,09965088114,

Scroll To Top