Skip to content

Benefits Of Having A Website

ကိုယ်ပိုင် စီးပွားရေးလုပ်နေသူတွေအတွက် Website တစ်ခုထားရှိခြင်းက များစွာသောအကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။

ပထမဆုံး အချက်အနေနဲ့ သင့်ရဲ့ Customer တွေကို 24/7 ဝန်ဆောင်မှုပေးနိုင်တာပါပဲ။ ရုံးတစ်ခုဖွင့်မယ်ဆိုရင် ပိတ်ရက်တွေ ပိတ်ချိန်တွေကို သတ်မှတ်ထားရတဲ့အတွက် အချိန်ပြည့်ဝန်ဆောင်မှုမပေးနိုင်တဲ့အပြင် အခြားဝန်ထမ်းတွေနဲ့ဆိုင်တဲ့ပြသနာတွေ ဖြေရှင်းရတာမျိုးရှိနိုင်ပါတယ်။ Website တစ်ခုထားရှိပါက ရုံးခန်းတည်နေရာဖုံးနံပါတ် စသဖြင့် Customer များဆက်သွယ်ဖို့ အချက်အလက်တွေကိုလွယ်ကူစွာ တင်ပြထားနိုင်တာကြောင့် Customerများအတွက်လည်း လိပ်စာရှာဖွေရလွယ်ကူခြင်း၊လမ်းမှားခြင်း၊အချိန်ကုန်ခြင်းစသောပြသနာများကို ရှောင်ရှားနိုင်ပါတယ်။ ဒါကြောင့် မလိုလားအပ်သည့် Customer ဆုံးရှုံးခြင်းများမှလည်း ကင်းဝေးနိုင်ပါတယ်။

နောက်ထပ်တစ်ချက်အနေနဲ့ကတော့ အချိန်ပြည့်ဆောင်ရွက်နိုင်တာကြောင့်ရေရှည်ဈေးဝယ်သူ များပြားလာစေတာဖြစ်ပါတယ်။ Customer ဆိုတာကသင့်ဆိုင်ကိုလာပြီးသင့်ရဲ့ကုန် သို့မဟုတ် ဝန်ဆောင်မှုတွေကိုဝယ်မယ်။ ဒါပါပဲ။ ရေရှည်ဈေးဝယ်သူဆိုတာကတော့ သင့် Website ကနေတစ်ဆင့် အမြဲတမ်းဝယ်ယူအသုံးပြုနေသူဖြစ်ပါတယ်။ အချိန်ကုန် လူပင်ပန်း သက်သာစွာဖြင့် မိမိတို့လိုချင်တဲ့ ပစ္စည်းကို အိမ်မှ ရုံးမှကျောင်းမှ စသဖြင့် လွယ်ကူစွာ ဝယ်ယူနိုင်တာကြောင့် သင့်စီးပွားရေး ဈေးကွက်စီးဆင်းမှုက အမြဲတမ်း လည်ပတ်နေနိုင်ပါတယ်။

အခြားစိတ်ဝင်စားဖို့ ကောင်းတဲ့အချက်တစ်ခုကတော့ ဈေးကွက်ကို ကောင်းကောင်းကြီးချဲ့ထွင်နိုင်တာပါပဲ။ မြန်မာနိုင်ငံအတွင်း Internet User သိသိသာသာများပြားလာနေခြင်းကိုအကောင်းဆုံးသောအခွင့်အရေး တစ်ခုအဖြစ် ဖန်တီးနိုင်ပါတယ်။ဈေးဝယ်ချင်သူဟာ သင်နှင့်တစ်မြို့တည်း တစ်နေရာတည်းမှာ ရှိမနေဘူးဆိုရင်တောင် Internet သုံးနိုင်တဲ့ မည်သည့်နေရာကနေဖြစ်ဖြစ် ဝယ်လို့ရပါတယ်။ ဒါကြောင့် အချိန်တိုအတွင်း အောင်မြင်တဲ့ စီးပွားရေးတစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင် သမရိုးကျအတိုင်း ဆိုင်ဖွင့်မယ် ရုံးဖွင့်မယ် လာဝယ်တဲ့သူတွေကို ရောင်းမယ် ဆိုတာက အတော်ကို ခေတ်နောက်ကျနေပါပြီ။ နောက်ပြီး Internet Service တစ်ခုဖြစ်တာကြောင့် သင့်ရဲ့စီးပွားရေးကို နိုင်ငံတွင်းသာမက အခြားနိုင်ငံများထိပါ ချဲ့ထွင်နိုင်တာကြောင့် သင့်စီးပွားရေးတိုးတက်လာဖို့က ကျိန်းသေနေပါပြီ။ သင့်စီးပွားရေးကို ကမ္ဘာနှင့် ရင်ဘောင်တန်းပြီး လုပ်နိုင်ဖို့ဆိုတာက Website တစ်ခုထားရှိခြင်းအပြင် အခြားကောင်းမွန်သက်သာသော နည်းလမ်းမရှိဘူးလို့ထင်ပါတယ်။

နောက်ထပ်ကောင်းမွန်တဲ့အချက်ကတော့ ငွေကုန်ကြေးကျ သက်သာစွာဖြင့် ကြော်ငြာနိုင်ခြင်းဖြစ်ပါတယ်။ အင်တာနက်မှာ ကြော်ငြာခြင်းက သာမန် စာရွက်တွေ TV တွေမှာ ပုံနှိပ်ကြော်ငြာခြင်းနှင့်လုံးဝမတူပါဘူး။ အဲဒီလို ပုံမန်နည်းလမ်းတွေကို သုံးမယ်ဆိုရင်စာရွက်စာတမ်းဖိုးတွေအချိန်တွေငွေတွေအများကြီးပေးရပါမယ်။ အဆိုးဆုံးတစ်ချက်ကတော့ သင်ကြော်ငြာနှင့်ပတ်သက်ပြီး အမှားအယွင်းတစ်ခုရှိသောကြောင့်ဖြစ်စေ၊ စိတ်တိုင်းမကျတော့၍ဖြစ်စေ အလွယ်တကူ မပြင်နိုင်တာပါပဲ။ ကိုယ်ပိုင် Website မှာကြော်ငြာ မယ်ဆိုရင်တော့အချိန်တိုအတွင်းကိုထိရောက်တဲ့ကြော်ငြာတစ်ခုကို အချိန်တိုအတွင်း ဖန်တီးနိုင်ပါတယ်။ ပြန်လည်ပြင်ဆင်ချင်ပါကလည်း အချိန်မရွေး မည်သူတစ်ဦးတစ်ယောက်ဆီကမျှ အကူအညီတောင်းစရာမလိုပဲ ပြင်ဆင်နိုင်ပါတယ်။ နောက်ပြီး မိမိကုန်၊ ဝန်ဆောင်မှုတွေကို စိတ်ဝင်စားလောက်သည့်သူ အသက်အရွယ် နေရာဒေသ တွေအထိပါ အသေးစိတ်သတ်မှတ်ပြီး ကြော်ငြာနိုင်ပါတယ်။ဒီအချက်ကတော့ မည်သည့် ကြော်ငြာခြင်းတွင်မှမရနိုင်တဲ့အင်တာနက်ကြော်ငြာခြင်းတွင်သာရနိုင်တဲ့ ကောင်းမွန်ထူးခြားတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။

နောက်ဆုံးအချက်တစ်ခုအနေနဲ့ကတော့ဝယ်ယူသူတွေဆီကယုံကြည်မှုကိုအပြည့်အ၀ တည်ဆောက်နိုင်ပါတယ်။ သာမန်အားဖြင့် ပစ္စည်းတစ်ခုခုကို ဝယ်ယူမယ်ဆိုရင် ဝယ်ယူသူတွေအနေနဲ့ ယုံရပါ့မလား စိတ်ချရပါ့မလားဟူသော သံသယတွေ အနည်းနဲ့အများ ရှိနေတက်ကြပါတယ်။ ကိုယ်ပိုင် Website တစ်ခုက သင့်ကို ထိုသံသယတွေကို ချေဖြတ်ပေးနိုင်ပါတယ်။ မိမိ Website ပေါ်တွင် မိမိတို့မှပေးသော ဝန်ဆောင်မှုများကိုအတိအကျ ဖော်ပြထားနိင်တာကြောင့်ဖြစ်ပါတယ်။ နောက်ပြီး အခြားဝယ်ယူသူများထံမှ မှတ်ချက်များနှင့်တကွ မိမိတို့မှပေးသော ဝန်ဆောင်မှုအတွေ့အကြုံးများကို ရှင်းလင်းစွာ တရားဝင်ဖော်ပြထားနိုင်တာကြောင့် ယုံကြည်ပြီး ဝယ်ယူအားပေးသူအများအပြား တိုးတက်လာစေနိုင်ပါတယ်။

ထို့ကြောင့် သင့်အနေနဲ့ အောင်မြင်ပြီး လူအများက လက်ခံယုံကြည်အားပေးသော စီးပွားရေးတစ်ခု ပိုင်ဆိုင်ချင်တယ်ဆိုရင် မိမိစီးပွားရေး၏ Image တစ်ခုဖြစ်တဲ့ Website တစ်ခုတည်ထောင်ကြည့်ဖို့ အကြံပေးလိုက်ရပါတယ်ရှင့်။

1 Comments

  1. najlepszy sklep on April 16, 2024 at 2:35 AM

    Wow, amazing blog structure! How lengthy have you ever been blogging for?
    you make blogging look easy. The entire look of your website is excellent, let alone the content material!
    You can see similar here dobry sklep

Leave a Comment





Scroll To Top