A New Feature for Online Shop
Online Shop လုပ်နေသူတွေအတွက် Facebook မှာ Shop Section ဆိုတဲ့ Advanced Feature တစ်ခုထပ်တိုးလာနေပြီနော်။ တစ်ချို့လည်းသိပြီးကြပြီလို့ ထင်ပါတယ်။သင့်အနေနှင့် တင်ပြီးသားကုန် ပစ္စည်းတွေကို ဘယ်လောက်ပဲကြာကြာ ဘယ်လောက်ပဲများများ တစ်နေရာထဲမှာ စုစည်းတင်ပြထားလို့ ရနေပါပြီ။
သင့်ရဲ့ Customer တွေအနေနဲ့လည်း တင်ထားတာကြာနေပြီဖြစ်တဲ့ ကုန်ပစ္စည်းတွေကို ခါတိုင်းလိုအချိန်ပေးပြီး အပင်ပန်းခံရှာစရာမလိုတော့ဘဲအချိန်ကုန်သက်သာစွာဖြင့် အလွယ်တကူကြည့်ရှု့ဝယ်ယူနိုင်ပါတယ်။ ထိုကဲ့သို့ ကောင်းမွန်တဲ့အကျိုးကျေးဇူးတစ်ခုကြောင့် ရောင်းအားကိုပါပိုမိုမြှင့်တင်နိုင်မှာဖြစ်ပါတယ်။ ရေးသားလိုတဲ့ ကုန်ပစ္စည်းရဲ့ အကြောင်းအရာ၊ ထည့်သွင်းလိုသည့် ဓာတ်ပုံများ ကိုလွယ်ကူစွာဖြင့် Slider ပုံစံ ရေးသားထည့်သွင်းနိုင်ပါတယ်။ ကုန်ပစ္စည်းတစ်ခုချင်းစီသာမက တင်ထားသည့်ကုန်ပစ္စည်းများကိုပါ တစ်ခါတည်း Slider နှင့် ပြသနိုင်တဲ့အပြင် သပ်သပ်ရပ်ရပ်ရှိပြီး အမြင်ဆန်းသစ် စေပါလိမ့်မယ်။
ပုံမှန် Post တွေတင်ထားသလိုပဲ User တွေရဲ့ Time Line မှာ News Feedမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ထို့အပြင် Boost လုပ်ချင်ပါကလည်း ပစ္စည်းတစ်ခုချင်းဆီကို Boost လုပ်ပြီးကြော်ငြာနိုင်ပါတယ်။ အဲဒါကြောင့် သင့် Facebook Page မှာရှိတဲ့ Shop Section ကိုဝင်ရောက်ပြီး စမ်းသုံးကြည့်လိုက်ပါ။ အသေးစိတ်ထပ်မံသိရှိလိုပါကလည်း Comment ချန်ခဲ့ပြီး မေးမြန်းနိုင်ပါတယ်။ နည်းပညာနှင့် ပတ်သက်သော ဗဟုသုတများရရှိစေဖို့ T-WORK SYSTEM Page ကို Like လုပ်ထားဖို့ မမေ့ပါနဲ့နော်။