Skip to content

Website For Your Business

လုပ်ငန်းတိုင်း အဖွဲ့အစည်းတိုင်းအတွက် Website ဟာ မရှိမဖြစ်အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ Websiteတစ်ခုရဲ့အသုံးဝင်ပုံများကို သိရှိပြီး အသုံးချတတ်ရန်လိုအပ်ပါသည်။ထို့ကြောင့် Website ကိုအကျိုးရှိစွာအသုံးချနိုင်ရန် Website တွင်ဖော်ပြထားသင့်သည့် အကြောင်းအရာများကို လေ့လာကြည့်ကြရအောင်။
Website ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ သတင်းအချက်အလက်ဖော်ပြခြင်းဖြစ်ပါတယ်။လုပ်ငန်းအကြောင်းနှင့်သက်ဆိုင်သည့် အချက်အလက်များကို Customer များထံသို့ မှန်ကန်စွာရောက်ရှိစေရန် Website ကိုအဓိကအသုံးပြုကြသည်။ Facebook Page များပေါ်တွင်ဖော်ပြပေးနိုင်သော်လည်း အမည်တူ Page များအလွယ်တကူပြုလုပ်နိုင်ပြီး Customer များထံသို့ မှားယွင်းသော အကြောင်းအရာများကို ရရှိစေနိုင်ပါသည်။ ထို့ကြောင့် အမည်တူအလွယ်တကူပြုလုပ်မရနိုင်သော Website ပေါ်က အကြောင်းအရာ အချက်အလက်များသည် Customer များ၏ ယုံကြည်မှုကိုပိုမိုရရှိနိုင်မည်ဖြစ်ပါသည်။ ရှေးဦးစွာ Website ပေါ်တွင် လုပ်ငန်းအတွက် ဆက်သွယ်နိုင်သော Address, Hot-line Ph Number, Email Address , ရုံးခွဲ Address များ၊ Company Logo များကို ဖော်ပြရန်လိုအပ်ပါသည်။

ထို့အပြင် လုပ်ငန်း၏အကြောင်းအရာများ၊ Company ၏ အကြောင်းအရာအကျဉ်းချုပ်များ၊ Tearm & Conditions များ၊ ရုံးဖွင့်ချိန်များကို အပြည့်အစုံ ဖော်ပြထားသင့်ပါသည်။ ထို့အပြင် လုပ်ကိုင်သောလုပ်ငန်းအမျိုးအစားများကို Photo များ ၊ Slider များကိုအသုံးပြု၍ အကြောင်းအရာ အချက်အလက်ပြည့်စုံစွာဖြင့် ဖော်ပြပေးသင့်ပါသည်။လုပ်ငန်းမှ ထုတ်လုပ်ဖြန့်ချီသော ကုန်ပစ္စည်းအမျိုးအစားများကို လူအများစိတ်ဝင်စားရန် Short Description များရေးသားပြီး Website မှာဖော်ပြထားရန်လိုအပ်ပါသည်။ လုပ်ငန်းတွင် ပြုလုပ်သောPromotion ပွဲများ၊ Lucky Draw များ၊ Company မှကျင်းပသောပွဲများ၊ ကုန်ပစ္စည်းအသစ် မိတ်ဆက်ခြင်းများကိုလည်း ဖော်ပြပေးသင့်သည်။ ထို့နောက် Company နှင့်ချိတ်ဆက်လုပ်ကိုင်သော Partnership Company များကိုလဲ ရေးသားဖော်ပြခြင်းများပြုလုပ်နိုင်သည်။ ထိုသို့ဖော်ပြခြင်းဖြင့်Customerများ၏ယုံကြည်မှုကိုပိုမိုရရှိစေနိုင်ပါသည်။အထက်ပါအကြောင်းအချက်အလက်များကိုအမြဲမပြတ် ဖော်ပြထားခြင်းဖြင့် လူကြီးမင်းတို့၏ Website သည် လူကြီးမင်းတို့ လုပ်ငန်းအတွက် အမှန်တကယ်အကျိုးရှိသော ၊ Customer နှင့် Company အကြား ပိုမိုယုံကြည်မှုရှိစေမည့် Website တစ်ခု ဖြစ်ပါလိမ့်မည်။

Scroll To Top