Skip to content

သင်၏ အရောင်းဆိုင်ကို နိုင်ငံတကာတွင်ရောင်းချနေသော အွန်လိုင်းစတိုးအသွင်ဖန်တီး ရောင်းချလိုပါသလား ???

သင့် Online Shop ကို ခေတ်နှင့်အညီ နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး ဖွင့်လှစ်ရောင်းချရန် အကောင်းဆုံးအချိန်ဟုသုံးသပ်မိပါသည်။ အွန်လိုင်းစတိုးနှင့်ပတ်သက်သည့်နည်းပညာအသိရှိသူဖြစ်စေမရှိဖြစ်စေ Computer တစ်လုံးနှင့် အချိန်မိနစ် 30 ခန့်ပေးရုံဖြင့် အွန်လိုင်းစတိုးတစ်ခုကို စတင်တည်ဆောက်နိုင်ပါပြီ။ အွန်လိုင်းစတိုးတည်ဆောက်ရာမှာ ဘယ်လို Software တွေကိုရွေးချယ်အသုံးပြုပြီး တည်ဆောက်မလဲဆိုတာကို ပထမဦးဆုံးအနေနဲ့ စဉ်းစားသင့်ပါတယ်။ အွန်လိုင်းစတိုးဖွင့်လှစ်ရောင်းချခြင်းမှာအသုံးပြုတဲ့ လူကြိုက်များတဲ့ Software(E-Commerce Platform) နှစ်ခုရှိပါတယ် ။ Shopify နဲ့ WordPress+Woo Commerce တို့ပဲဖြစ်ပါတယ်။ Shopify ကိုအသုံးပြုပြီး တည်ဆောက်မယ်ဆိုရင်တော့Loginဝင်၍ဝယ်ယူပြီးတာနဲ့အဆင်သင့်စတင်ရောင်းချနိုင် ပါပြီ။ဒါပေမဲ့အနည်းငယ်ဈေးများခြင်းငွေပေးချေမှုအပိုင်းမှာ ကန့်သတ်ထားခြင်းတွေက အားနည်းချက်အဖြစ်ရှိနေပါတယ်။ အဲ့ဒါကြောင့် အသုံးပြုသူတော်တော်များများဟာ WordPress + Woo Commerce ကိုပိုမိုရွေးချယ်အသုံးပြုလာကြပါတယ်။

အွန်လိုင်းစတိုးတည်ဆောက်ခြင်းအတွက် အဓိကလိုအပ်ချက်သုံးချက်ကတော့ နံပါတ်တစ် Domain Name (eg. storename.com) နံပါတ်နှစ် Web Hosting နှင့် နံပါတ်သုံး SSL Certificate တို့ပဲဖြစ်ပါတယ်။ Domain Name ဆိုတာကတော့ အင်တာနက်ပေါ်မှာရှိတဲ့ သင်၏ အွန်လိုင်းစတိုးလိပ်စာ (Website’s Address) ပဲဖြစ်ပါတယ်။ အင်တာနက်အသုံးပြုသူများ သင်၏ဈေးဆိုင်ကို အလွယ်တကူ ရှာဖွေစေနိုင်ရန်အဓိကလိုအပ်ချက်ဖြစ်ပါသည်။အင်တာနက်ပေါ်တွင် ရှိသမျှ Websiteအားလုံးသည် WebHosting မရှိမဖြစ်လိုအပ်ပါတယ်။ အင်တာနက်ပေါ်မှာ နေရာတစ်ခုကို ဝယ်ယူကာ Website လွှင့်တင်ပြသနိုင်ရန်ဖြစ်ပါတယ်။SSL Certificate (Special Security Layer) ကတော့သင်၏Websiteလုံခြုံရေးအတွက် အလိုအပ်ဆုံးအရာတစ်ခုဖြစ် ပါတယ်။သင်၏အွန်လိုင်းစတိုးတွင် ငွေပေးချေခြင်းများ၊ ကိုယ်ရေးကိုယ်တာအချက်အလတ် များကို လုံခြုံစိတ်ချစေခြင်းကြောင့် အရေးပါသောလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။

ကျွန်မတို့ T-WORK SYSTEM Company ၏ ဝန်ဆောင်မှုများကို အသေးစိတ် သိရှိလိုပါက https://www.tworksystem.com/ တွင် လည်းကောင်း၊ Facebook Page တွင် https://www.facebook.com/tworksystem လည်းကောင်း၊ Comment ချန်ခဲ့၍ လည်းကောင်း လွပ်လပ်စွာမေးမြန်းနိုင်ပါတယ်။နည်းပညာနှင့် ပတ်သက်သော ဗဟုသုတများရရှိစေဖို့ T-WORK SYSTEM Page ကို Like လုပ်ထားဖို့ မမေ့ပါနဲ့နော်။

Scroll To Top