Skip to content

အွန်လိုင်းရှော့များအတွက် သတင်းကောင်းတစ်ခု

မကြာသေးမီအချိန်က Facebook မှ Page ဖွင့်ပြီး ရောင်းချနေသော Online Shop Owner များနှင့် Customer များအတွက် Shop Section ဆိုတဲ့ Feature တစ်ခု ထွက်ပေါ်လာပါတယ်။ အရင်တုန်းက Page မှာ ပုံတွေတင် ပစ္စည်းတွေ တင်ရောင်းတဲ့အခါPost တွေများလာတာနဲ့အမျှ တဖြည်းဖြည်း Page ရဲ့အောက်ဘက်ကို ရောက်သွားပြီး Customer တွေက တစ်ခုခုလိုချင်လို့ပဲဖြစ်ဖြစ် Page ထဲဝင်ပြီးပြန်ရှာဖို့ မလွယ်ကူတော့ပါဘူး။

အခု Shop Section Feature ကတော့ Facebook Online Shop Page တွေရဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် အဓိကထားပြီး ထွက်ပေါ်လာတာပါ။ ဒါ့အပြင် Online Shop တွေအတွက် ပိုမိုကောင်းမွန်တဲ့ရောင်းချမှုပုံစံ အသစ်တွေကိုလဲမြင်တွေ့ရမှာပါ။ ရောင်းချမဲ့ ကုန်ပစ္စည်းအားလုံးကို Shop Tab တစ်နေရာတည်းမှာပဲ စုစည်းဖော်ပြပေးမှာပါ။ အဲ့လိုစုစည်းဖော်ပြပေးထားသောကြောင့် Online Shop Customer များအနေဖြင့် တစ်နေရာထဲမှာ လွယ်လွယ်ကူကူရှာဖွေ ဝယ်ယူနိုင်ပါပြီ။

Post တင်သလိုပဲ အားလုံးရဲ့ News feed, Page နှင့် Group တွေမှာပါ ပုံမှန်အတိုင်းမြင်တွေ့ သွားရမှာဖြစ်ပါတယ်။ Post တွေကို Boost လုပ်သလိုပဲ ပစ္စည်းတစ်ခုချင်းဆီကိုလဲ Boost လုပ်ပြီး ကြော်ငြာနိုင်ပါတယ်။ Online Shop ရောင်းချသူတွေရော ဝယ်ယူသူ Customer များအတွက်ပါ အကျိုးရှိစေမဲ့ Facebook Shop Section အကြောင်းကို တင်ပြပေးလိုက်ပါတယ်။ အသေးစိတ်ထပ်မံသိရှိလိုပါကလည်း Comment ချန်ခဲ့ပြီး မေးမြန်းနိုင်ပါတယ်။ နည်းပညာနှင့် ပတ်သက်သော ဗဟုသုတများရရှိစေဖို့ T-WORK SYSTEM Page ကို Like လုပ်ထားဖို့ မမေ့ပါနဲ့နော်။

Scroll To Top