Skip to content

မြေပြင် Marketing နှင့် Online Marketing ဘယ်ဟာအဓိကကျလဲ

ကုန်ပစ္စည်းတစ်ခု , Brand တစ်ခု လူသိများလာစေရန် ကြော်ငြာရာတွင် မြေပြင် Marketing နှင့် Online Marketing ဘယ်ဟာအဓိကကျလဲ။ ဒီမေးခွန်းကို နှစ်ခုလုံး အရေးပါပြီ အဓိကကျပါတယ်လို့ လူလယ်ကျ ပြီးဖြေရမှာဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကုန်ပစ္စည်းတစ်ခု (Brand တစ်ခုလို့ပဲသုံးပါရစေ) မိမိလုပ်ငန်း လူသိများပြီး အောင်မြင်လာဖို့ဆိုရင် မြေပြင်ရော Online မှာပာလစ်ဟာလို့မရပါဘူး။
ယနေ့ခေတ်မှာ Brand သစ်တစ်ခု ကိုဈေကွက်တွင် လူအများ လျင်မြန်စွာသိရှိလာစေ ရန်အတွက် Online Marketing သည် အထိရောက်ဆုံးသောနည်းလမ်းတစ်ခုဖြစ်သည်။ Online Marketing သည် မြေပြင် Marketing နည်းလမ်းမျာထက် အချိန်, ငွေ, လုပ်အားများစွာချွေတာနိုင်သည်။ ထိထိရောက်ရောက် အသုံးပြုနိုင်လျင် အချိန်တိုအတွင်း မိမိလုပ်ငန်းနှင့်သက်ဆိုင်သော သူများဆိသို့ မိမိကုန်ပစ္စည်းအကြောင်းကို ထိရောက်စွာကြော်ငြာနိုင်သည်။ ထိုအချက်သည် Online Marketing ၏အဓိက အားသာချက်တစ်ခုဖြစ်သည်။ မြေပြင် Marketing ပုံစံတွင် လူတို့၏ ကြိုက်နှစ်သက်မှုကို လိုက်၍ကြော်ငြာ၍ မရဘဲ လူအားလုံးကို ပစ်မှတ်ထားကြော်ငြာရသည်။
*** သို့သော် ထိုသို့ပြောခြင်းမှာ မြေပြင် Marketing သည်လုံးဝမလိုအပ်တော့ပါဟုပြောခြင်းမဟုတ်ပါ။ တချို့နည်းလမ်းဟောင်းများသည် အသုံးဝင်နေဆဲဖြစ်သည်။ မိမိကုန်ပစ္စည်ကို လူအများ သိရှိရန်မှာ Online Marketing ကို အသုံးပြု ၍ ရနိုင်သည်။ မြေပြင် Marketing ထက်လွန်စွာ အကျိုးများလှသည်။
သို့သော် မိမိ လုပ်ငန်း , Brand ကို Customer များယုံကြည်မှု ပိုမိုရရှိလာစေရန်မှာ Online တစ်ခုတည်ကိုအားကို ၍မရပေ။ မိမိလုပ်ငန် မိမိ ကုန်ပစ္စည်း အမှန် တကယ်ရှိကြောင်းကို လူအများရှေတွင် မိတ်ဆက်ပေးရန်လို အပ်သည်။ သို့မှသာ Customer များမှမိမိ Brand အပေါ်တွင် ပို မိုယုံကြည်မှုရှိလာစေမည်ဖြစ်သည်။

Online ကို အသုံးပြု ၍ကြော်ငြာခြင်း သည် အချိန်တို အတွင်း မိမိ Brand ကိုလူသိများစေ သည်မှာမှန်သော်လည်း မိမိလုပ်ငန်း အပေါ် ယုံကြည်မှု အပြည့်အဝရရှိနိုင်မည်မဟုတ်ပါ။ အကြောင်းမှာ မြန်မာနိုင်ငံတွင် Facebook အသုံးပြုသူအများဆုံးဖြစ်သောကြောင့် Online Marketing Processesအတွက် Facebook ကိုသာ အများဆုံးအသုံးပြုနေကြသည်။ Facebook page သည် အလွယ်တကူဖန်တီးနိုင်ခြင်း၊ အမည်တူများရှိနိုင်ခြင်း၊ visa, master cart ရှိရုံမျှ ဖြင့် လွယ်ကူစွာ Facebook User များဆီသို့ ကြော်ငြာနိုင်ခြင်း တို့ကြောင့် Audience အခိုင်အမာရရှိရန် မလွယ်ကူလှပါ။ ထို့ကြောင့် Brand သစ်တစ်ခု ကို အချိန်တို အတွင်း လူသိများ လာစေရန် Online Marketing နည်းလမ်းကို အသုံးပြု၍ ကြော်ငြာရမည်ဖြစ် သကဲ့သို့လူတို့၏ မိမိလုပ်ငန်းအပေါ်ယုံကြည်မှုပိုမိုရရှိလာစေရန် မြေပြင် Marketing ကို လည်းမေ့လျော့ထား၍မရပေ။
မြေပြင် Marketing သည် ယုံကြည်မှုပိုမိုရရှိအောင် စွမ်းဆောင်နိုင်သော်လည်း မိမိလုပ်ငန်းခွဲ၊ ဆိုင်ခွဲမရှိသော နေရာဒေသများတွင် မိမိBrandကို ကြော်ငြာရန်မှာ အခက်အခဲများစွာရှိနိုင်သည်။ ထိုပြသနာ ကိုဖြေရှင်းရန်၊ Online ပေါ်တွင်ပင် မိမိ Brand ကို လူအများ အချိန်တိုအတွင်း သိရှိလာစေရုံသာမက မိမိလုပ်ငန်းကို ယုံကြည်မှုရရှိလာစေရန် Online Marketing ကို ပိုမို အဆင့်မြင့်ထားသော ပုံစံများ ပေါ်ထွက်လာခဲ့သည်။
*** ထိုသို့ ပြုလုပ်ရန် အခြေခံ အကျဆုံးသော လိုအပ်ချက်တစ်ခုမှာ လုပ်ငန်းနှင့်သက်ဆိုင်သော Website, Company နှင့်သက်ဆိုင်သော Website တစ်ခုကိုဖန်တီးထားခြင်းဖြစ်သည်။ Website တစ်ခုရှိထားခြင်းဖြင့် နေရာဒေသ မရွေးမှ Customer များ မိမိလုပ်ငန်း အကြောင်း၊ မိမိ ကုန်ပစည်း အကြောင်းကို ပြည်စုံစွာ ဝင်ရောက်ကြည့်ရှု့နိုင်ခြင်း၊ မိမိ Website ကို လူသိများလာစေရန် Facebook ပေါ်တွင်ပင် ကြော်ငြာနိုင်ခြင်း တို့ဖြစ်သည်။
*** အထက်တွင် လုပ်ငန်း သုံး Facebook သည် Page အမည်တူများ ရှိနိုင်သဖြင့် Customer ဘက်တွင် မည်သည် Page သည် မိမိလုပ်ငန်း Page အစစ်အမှန်ဖြစ်ကြောင်း သိရှိရန် ေ၀ဝါးနိုင်သည် ဟုပြောကြားခဲ့သည်။ ဤနေရာတွင် တစ်ခုပြောပြချင်သည်မှာ Facebook တွင် အမည်တူ Page များရှိနေပါက မည်သည့် Page သည် မိမိလုပ်ငန်း၏ Facebook Page အစစ်အမှန်ဖြစ်ကြောင်းကို Website မှ ဖော်ပြပေးနိုင်သည်။ ထိုသို့ မိမိ Website ကို Facebook တွင် ကြော်ငြာခြင်း ၊ Website မှနေ၍ မိမိ Facebook Page ကိုချိတ်ဆက်ထား ခြင်း စသည့်နည်းလမ်းဖြင့် Customer များ ၏ ယုံကြည်မှုကို ပိုမိုများပြားလာစေမည်ဖြစ်သည်။
*** အထက်ပါ အချက်များသည် Website တစ်ခုရှိခြင်းအား ပထမဆုံးရရှိလာမည် အကျိုး ရလဒ်များ နှင့် အခြေခံ နည်းလမ်းများ ပင်ဖြစ်ပါသည်။ နောက်ထပ် Website ကိုအကျိုးရှိစွာ အသုံးပြု၍ မိမိလုပ်ငန်းနှင့် Brand အတွက် ပိုမို အကျိုး ရှိနိုင်သည့်၊ Customer များ၏ယုံကြည့်စွာ အားပေးမှုကို ပိုမိုရရှိနိုင်သည့် နည်းလမ်းများကို နောက် Posts များတွင် ဆက်လက်ဖော်ပြပေးသွားပါမည်။

Scroll To Top