Skip to content

သင်တို့၏လုပ်ငန်း တိုးတက်အောင်မြင်ဖို့ T-WORK SYSTEM Co.,Ltd. နဲ့ အခမဲ့တိုင်ပင် ဆွေးနွေးလိုက်ရအောင်

ကျွန်မတို့ T-WORK SYSTEM သည် ယခုခေတ် နည်းပညာများနှင့်အညီ Website တည်ထောင်လိုသူများ၊ နိုင်ငံတစ်ကာနှင့် ရင်ပေါင်တန်းကာ Online Shop ဖွင့်လိုသူများ၊ စီးပွားရေးလုပ်ငန်းများအတွက် CRM နှင့် HRM Software အသုံးပြုလိုသူများ၊ ဝန်ထမ်းများ၊ အော်ဒါများ၊ ရောင်းကုန်များ၊ အမြတ်များ၊ အခွန်များ၊ CRM၊ HRM၊ Project များ၊ Tool များကို လွယ်ကူစွာ စီမံခန့်ခွဲနိုင်တဲ့ ERP(Enterprise Resoure Planning)Software စသည့် များကို အကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်။

Facebook Post, Facebook Page, Website များကိုလည်း Facebook sponsered အဖြစ်တရားဝင် Boost လုပ်ပေးနေပါသေးတယ်။ ထို့အပြင် E-Commerce Software အသုံးပြုနေတဲ့ လူကြီးမင်းများအတွက်လည်း Dynamic Advertisement ကိုလည်း ဝန်ဆောင်မှုပေးပါတယ်။ ထိုသို့ Boost လုပ်ပြီးသောအခါတွင် မည်သည့်အဖွဲ့အစည်းကမှ မပေးသေးတဲ့ ဝန်ဆောင်မှု တစ်ခုကို လူကြီးမင်းအနေနဲ့ ထပ်ဆောင်းရရှိ မှာ ဖြစ်ပါတယ်။ အဲဒါကတော့ လူကြီးမင်းတို့ Facebook Postကိုဖတ်ရှု့သွားသူများ၏ မြို့၊ ပြည်နယ်၊တိုင်း၊ အသက်အရွယ် ကျား၊ မ သာမက မည်သည့် Device(Phone/Computer) ကိုအသုံးပြုသွားကြသည် စသည်ဖြင့် အသေးစိတ် ပေးပို့ခြင်းပဲ ဖြစ်ပါတယ်။ ထို့ကြောင့် လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းကိုတိုးချဲ့ခြင်း၊ ပြင်ဆင်လိုခြင်းများအတွက် တန်ဖိုးမဖြတ် နိုင်သော Data တစ်ခုပဲ ဖြစ်ပါတယ်။ သီးသန့် Dataများ ရယူရန် Survey ကောက်ခြင်းများ လုပ်ဆောင်ရန် မလိုအပ်တော့ပါဘူးရှင်။

လူကြီးမင်းအနေနဲ့ မည်သည့် ဝန်ဆောင်မှုကို အသုံးပြုသည်ဖြစ်စေ လူကြီးမင်းတို့ စိတ်တိုင်းကျဆောင်ရွက်ပေးပါတယ်။ မိမိတို့ ပြုလုပ်လိုသည့် ဒီဇိုင်းများ၊ ပုံများ၊ အကြောင်းအရာများကို အသေးစိတ် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင့်။ လူကြီးမင်းအနေနဲ့ မိမိ Website တွင်ထည့်လိုသည့် အချက်အလတ်များစုစည်းနိုင်သည့်အချိန်ပေါ်မူတည်၍အချိန်တိုအတွင်းပြီးစီးအောင်လည်း ဆောင်ရွက်ပေးပါတယ်။ ထို့အပြင် ကျွန်မတို့ T-WORK SYSTEM မှပေးသောထူးခြားချက်ကတော့ Service တိုင်းကို Secure Connection ပေးထားပါတယ်။

အဓိကကျသော ဈေးနှုန်းရွေးချယ်မှုတွင်လည်းလူကြီးမင်းတို့အတွက် ရွေးချယ်စရာအများအပြားရှိသလိုအလွန်ချိုသာသော ဈေးနှုန်းများဖြင့်ဆောင်ရွက်ပေးနေပါတယ်ရှင်။ အဲဒါကြောင့်လူကြီးမင်းအနေနဲ့ သင့်တင့်သောငွေကြေး ပမာဏနှင့်လှပသပ်ရပ်သောခေတ်မီ စီးပွားရေးတစ်ခုကိုပိုင်ဆိုင်နိုင်မှာဘဲ ဖြစ်ပါတယ်။ လူကြီးမင်း၏စီးပွားရေးနှင့် ကိုက်ညီသောဝန်ဆောင်မှုကို ရွေးချယ်ပြီးဆက်သွယ်နိုင်ပါတယ်ရှင့်။စိတ်တိုင်းကျသည်အထိ ဆောင်ရွက်ပေးဖို့ ကျွန်မတို့ T-WORK SYSTEM မှ အသင့်စောင့်ဆိုင်းနေပါတယ်။

ကျွန်မတို့ T-WORK SYSTEM Company ၏ ဝန်ဆောင်မှုများကို အသေးစိတ် သိရှိလိုပါက https://www.tworksystem.com/ တွင် လည်းကောင်း၊ Facebook Page တွင် https://www.facebook.com/tworksystem/ လည်းကောင်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ အခြားသိရှိလိုသည်များ ရှိပါကလည်း T-WORK SYSTEM Co., Ltd အမှတ်(၁၄/၁), ၇၉လမ်း, ၃၉လမ်း နှင့် လမ်း၄၀ ကြား, မန္တလေး သို့ အခမဲ့လာရောက် မေးမြန်း၍ အကြံဉာဏ်များ ရယူနိုင်ပြီး ဖုန်းနံပါတ်- 09 965088113, 09 965088114 နှင့် sales@tworksystem.com သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Leave a Comment





Scroll To Top