Skip to content

ယနေ့ခေတ်အောင်မြင်သော စီးပွားရေးလုပ်ငန်းများ၏ နောက်ကွယ်ကလုပ်ဆောင်ချက်များ

စီးပွားရေးတစ်ခုကိုတည်ထောင်ပြီး အောင်မြင်အောင်လုပ်ဖို့ဆိုတာ အခက်အခဲတွေအများကြီး ရှိတာကိုတော့ ပြောဖို့တောင်လိုမယ်လို့မထင်ပါဘူးနော်။ ယခုလို ယှဉ်ပြိုင်မှုတွေ များလာတဲ့ခေတ်ကြီးမှာ ပိုမိုခက်ခဲလာတာကိုလည်း တွေ့နေကြမယ်ထင်ပါတယ်။ အဲဒါကြောင့် ခေတ်နှင့်အညီ အောင်မြင်တဲ့ စီးပွားရေးတစ်ခု ပိုင်ဆိုင်နိုင်ဖို့ အခြေခံလိုအပ်ချက်လေးတွေကို ပြောပြချင်ပါတယ်။ Modern Business ဆိုသည်မှာ အချိန်တိုင်း၊နေရာတိုင်းကလူတွေနှင့် ဆက်သွယ်ရောင်းဝယ်နိုင်ခြင်းကို ဆိုလိုတာပါ။ အဲဒါကြောင့် ရှေးဟောင်းနည်းအတိုင်း ဆိုင်ဖွင့်မယ်၊ လာဝယ်တဲ့လူတွေနဲ့ ဆက်ဆံမယ်၊ ဈေးကွက်ဖြန့်ချင်ရင် Marketingလုပ်တဲ့သူတွေနဲ့ဆက်သွယ်ပြီး တစ်နေရာကနေတစ်နေရာကိုသွားစေမယ် ဆိုတာကတော့ အဆင်ပြေဖို့ ခဲယဉ်းသွားပြီနော်။

ပထမဆုံး အရေးကြီးဆုံးအချက်အနေနဲ့အချိန်ကုန်သက်သာစွာဖြင့် မိမိရဲ့စီးပွားရေးအကြောင်းကိုလူတွေဆီကိုအရောက်ပို့နိုင်ဖို့ပါပဲ။ ထိုသို့အချိန်တိုအတွင်း ကြော်ငြာဖို့ဆိုရင်တော့Websiteတစ်ခုတည်ဆောက်သည့်နည်းလမ်းအပြင် အခြားနည်းလမ်းများမရှိပါဘူး။ မိမိတို့ပြောလိုတဲ့အချက်အလက်တွေကိုအချိန်တိုင်းနေရာတိုင်းကကြည့်ရှူ့နိုင်တာကြောင့် ဖြစ်ပါတယ်။

AppleWalMartနှင့်LouisVuittonတို့ကဲ့သို့နာမည်ကြီးBrandတွေက ထောင်ပေါင်းများစွာသောအရောင်းဆိုင်တွေ ရောင်းအားသွက်စေဖို့အတွက် Offline to Online (O2O)စနစ်ကိုကျင့်သုံးကြ ပါတယ်။ အဲ့ဒါကြောင့်သင့်အနေနဲ့ မိမိနှင့်ကိုက်ညီတဲ့ Website တစ်ခုတည်ထောင်ဖို့ စဉ်းစားကြည့်သင့်နေပါပြီ။

ဒုတိယအချက်က Email ပဲဖြစ်ပါတယ်။ Business Email တစ်ခုက သင့်ကုမ္ပဏီအတွက် Professional imageတစ်ခုကိုဖန်တီးပေးနိုင်ပြီး ကုမ္ပဏီရဲ့ အဆင့်အတန်းကိုလည်း မြှင့်တင်နိုင်ပါတယ်။ Customer တွေက မေးခွန်းတွေမေးချင်တာ၊ ဆက်သွယ်ချင်တာတွေရှိတဲ့အခါမျိုးမှာ သုံးနိုင်အောင်ပါ။ မေးခွန်းမေးတာလောက်တော့ Business email မလိုပါဘူးဆိုပြီး ပြောစရာရှိပါတယ်။ ဒါပေမဲ့ သာမန် Facebook ကနေဆက်သွယ်မေးမြန်းပေးပို့တာနဲ့ email ကတစ်ဆင့်ပေးပို့နိုင်တာက လုံးဝကွာခြားကြောင်းကိုလည်း သိပြီးကြလိမ့်မယ်လို့ထင်ပါတယ်ရှင့်။ အဲ့ဒါကြောင့် သင့်ကုမ္ပဏီနှင့်ပတ်သက်ပြီးcustomer တွေရဲ့စိတ်ထဲမှာ Brand တစ်ခုသတ်မှတ်ပေးဖို့ အကောင်းမြင်စိတ်တွေရှိနေဖို့အတွက် Business email တစ်ခုကလည်းအရေးကြီးပါတယ်။

နောက်တစ်ခုကတော့ Bank account ပဲဖြစ်ပါတယ်။ Bank account ဆိုရာတွင် MPU Card၊ VISA Card၊ Master Card တွေလည်းပါ ပါတယ်။ နိုင်ငံအနှံ့အပြားက ဆက်သွယ်ဝယ်ယူသုံးစွဲသူတွေဆီက ငွေတွေကို လက်ခံရရှိဖို့ဖြစ်ပါတယ်။ သာမန် ငွေလွှဲတာမျိုးက 24/7 မရနိုင်တာကြောင့် မလိုလားအပ်သော အချိန်တွေကုန်ဆုံးခြင်းကို လျော့ချနိုင်ဖို့အတွက် ထိုကဲ့သို့ ငွေလွှဲစနစ်မျိုးလည်း ထားရှိသင့်ပါတယ်။

နံပါတ်လေးအချက်အနေနဲ့ သင်ကခေတ်နှင့်အညီ နည်းပညာတွေကို သိရှိဖို့လည်းလိုပါတယ်။ စာရွက်စာတမ်းတွေကို သုံးနေအုံးမယ်။ ဝန်ထမ်းတွေကို သမရိုးကျနည်းလမ်းတွေနဲ့ပဲ စီမံခန့်ခွဲနေသေးတယ်ဆိုရင်တော့ ယခုပင်စတင် ပြောင်းလဲသင့်နေပါပြီ။ CRM, HRM, ERP ကဲ့သို့နည်းပညာတွေကို အသုံးပြုကြည့်ဖို့ကြိုးစားကြည့်ပါ။ ထိုနည်းပညာများက သင့်ကိုလွယ်ကူစွာ လုပ်ငန်းတွေကိုလည်ပတ်နိုင်စေရုံမက တိကျသေချာသော အချက်အလက် များကိုပေးနိုင်ပါလိမ့်မည်။

နောက်ဆုံးအချက်ကတော့ Social media တွေမှာကြော်ငြာဖို့ပါပဲ။ယခုမြန်မာနိုင်ငံအနေနဲ့ Facebook သုံးစွဲသူတွေဒုနဲ့ဒေးရှိလာတာကြောင့် လူအများစုကို သင့်လုပ်ငန်းအကြောင်းသိချင်တယ်ဆိုရင် Online ကနေတစ်ဆင့်ကြော်ငြာသင့်ပါတယ်။ ထိုသို့ကြော်ငြာတာက ငွေကုန်အချိန်ကုန်သက်သာရုံသာမက လူအများကြီးဆီသို့ သင့်ကြော်ငြာလိုတဲ့အကြောင်းအရာကို အချိန်တိုအတွင်း အရောက် ပို့ပေးနိုင်ပါတယ်။ နောက်ပြီးလုပ်ဆောင်ရတာကလည်းလွယ်ကူပါတယ်။ လူတွေအများကြီးကို အကူအညီတောင်းစရာ မလိုသလို ပြင်ဆင်ခြင်းများ ပြုလုပ်ချင်ပါကလည်း အလွယ်တကူ အချိန်မရွေးပြုလုပ်နိုင်တာကြောင့်ဖြစ်ပါတယ်။

Scroll To Top