Skip to content

” စီးပွားရေးလုပ်ငန်းတိုင်း Website လိုအပ်”

Why Businesses Need Website?

“If your business is not on the internet,
then your business will be out of business.”
Bill Gates, Founder of Microsoft
သင့်စီးပွားရေးဟာ Online ပေါ်မှာမရှိဘူးဆိုရင်
သင့်လုပ်ငန်းဟာလည်းမကြာခင်မှာ
စီးပွားရေးလောက ကနေ အနားယူသွားရလိမ့်မယ်။
ဘီ(လ်)ဂိတ်, မိုက်ခရိုဆော့ (တည်ထောင်သူ)

စီးပွားရေးလုပ်ငန်းတိုင်းWebsite လိုအပ်တယ်ဆိုတာ ကို Microsoft တည်ထောင်သူ Bill Gates ကသတိပေးထားတာပါ။မြန်မာနိုင်ငံလိုဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုမှာ စီးပွားရေးလုပ်ငန်း အများစုဟာ ကိုယ်ပိုင် Website တခုတည်ထောင်ခြင်းကို အပိုငွေကုန်ကြေးကြများသည့် အလုပ်တခုအဖြစ်သတ်မှတ်ထားကြပါသည်။ Facebook ပေါ်တွင်page တခုရှိလျှင် အဆင်ပြေပြီဟုထင်မှတ်နေကြသည်။မှန်သင့်သလောက် မှန်သော်လည်း ရာနှုန်းပြည့်တော့မဟုတ်ပေ။Facebook တွင်မိမိ လုပ်ငန်း၏အကြောင်းအရာများကို အကန့်အသတ်ဖြင့် သာထည့်သွင်းနိုင်သည်။ သတ်မှတ်ထားသောနေရာတွင် အနည်းငယ်သာထည့်သွင်းနိုင်သော်လည်း လုပ်ငန်း အချက်အလက်အပြည့်အစုံကို ထည့်သွင်း၍ မရပေ။ရအောင်ထည့်သွင်းထားမည် ဆိုသော်လည်း အဆင်မပြေနိုင်ပါ။

Websiteတွင် မိမိထည့်သွင်းလိုသော လုပ်ငန်းအချက်အလက်များ အားလုံးကိုထည့်သွင်းနိုင်သည်။ မိမိလိုချင်သောပုံစံအတိုင်း ဖော်ပြပေးနိုင်သည်။ ဝင်ရောက်ကြည်ရှူ့သူတိုင်း အလွယ်တကူ မြင်သာအောင် စီစဉ်ထားရှိနိုင်သည်။ Facebookတွင် မိမိ၏ထုတ်ကုန်အသစ်၊ ဝန်ဆောင်မှုအသစ်ကို နေ့စဉ်ကြော်ငြာနိုင်သော်လည်း အရင်ရက်များမှ ကြော်ငြာထားသော ကုန်ပစ္စည်းများ ကို စာသုံးသူများဖက်မှ လိုအပ်၍ ပြန်ရှာချင်ပါက အရင်Post အဟောင်းများကြးထဲတွင် ပြန်ရှာနေရပါသည်။ Website တွင် မိမိ ၏ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများသည် မိမိမဖြုတ်သ၍ ရှိမြဲနေရာတွင် ရှိနေပြီး လာရောက်ရှာဖွေသူ စားသုံးသူများ အနေဖြင့်လွယ်ကူစွာရှာဖွေနိုင်မည်ဖြစ်သည်။ မိမိဝန်ဆောင်မှု၊ ကုန်ပစ္စည်းနှင့်ပတ်သက်သည့် အချက်အလက်များကို လည်း အပြည့်အစုံထည့်သွင်းနိုင်မည်ဖြစ်ပါသည်။ မိမိ လုပ်ငန်းမှ ကုန်စည်အသစ်များ ဝန်ဆောင်မှုအသစ်များကိုလည်း စားသုံးသူများမြင်သာအောင် ကြော်ငြာနိုင်သည်။

လုံခြုံမှုပိုင်းတွင် လည်း Facebook Page နှင့်နှိုင်းယှဉ်လျှင်များစွာ လုံခြုံမှုရှိပါသည်။ Facebook Page သည် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွား၍သော်လည်းကောင်း၊ မိမိ အကောင့်ကို မသမာသူများမှ Hack ခံရလျင်သော်လည်းကောင်း Page နှင့်သက်ဆိုင်သော အချက်အလက်များ တခုမှပြန်လည်ရရှိမည်မဟုတ်ပဲ မလိုလားအပ်သောပြဿနာများ ကြုံတွေ့နိုင်ပါသည်။ Website တွင်မူ ထိုပြဿနာများ မကြုံတွေ့နိုင်ပါဘူး။ အကယ်၍ ကြုံတွေ့လာရပါကလည်း မိမိလုပ်ငန်းအချက်အလက်များကို အလျင်အမြန် ပြန်ယူနိုင်မည်ဖြစ်ပါသည်။ Facebook တွင်မိမိလုပ်ငန်းကို တုပ၍ အမည်တူများပြုလုပ်နိုင်သော်လည်း Website တွင် လုပ်ငန်းတခုအတွက် Websiteလိပ်စာမှာတခုစီဖြစ်သောကြောင့်မိမိလုပ်ငန်း အစစ်အမှန် ဖြစ်ကြောင်းသိသာထင်ရှားနိုင်ပါသည်။ အခြားအမည်တူလုပ်ငန်းတူများမိမိလုပ်ငန်းကို တုပ၍မရနိုင်ပါ။ Facebook Page တွင်မိမိ Website လိပ်စာ ကိုတပါတည်း ထည့်သွင်းထား နိုင်သောကြောင့် ကိုယ်ပိုင် Website ရှိထားခြင်းသည် မိမိလုပ်ငန်း ၏Page ဖြစ်သည်ကို သက်သေပြနိုင်သဖြင့် အခြားလုပ်ငန်းတူ အမည်တူများကို စိုးရိမ်စရာမရှိပေ။မိမိWebsite ကိုFacebook တွင်သာမက မည့်သည့် Social Network တွင်မဆိုကြော် ငြာနိုင်သည့်အတွက် မိမိလုပ်ငန်းအတွက် Main Social Media Network အဖြစ်အသုံးပြုနိုင်ပါသည်။

ထို့အပြင် မိမိရောင်းချလိုသော ကုန်ပစ္စည်များကို Websiteတွင်ပင် တိုက်ရိုက် ကြော်ငြာ ရောင်းချနေသောကြောင့် များစွာ အကျိုးကျေးဇူးရရှိပါသည်။ အထက်တွင် ရောင်းကုန် ၊ ဝန်ဆောင်မှု စသည်ဖြင့် ရှင်းလင်းစေရန် ရေးသာထားသော်လည်း တခြား သော ပညာရေး၊ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ သွင်းကုန်ပို့ကုန် လုပ်ငန်းများ ၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများ ၊ အိမ်တွင်းစီးပွားရေး လုပ်ငန်း အမျိုးမျိုး ၊ စားသောက်ဆိုင် ၊Hotel နှင့် ဝန်ဆောင်မှုလုပ်ငန်များအပြင် အခြား လုပ်ငန်းအမျိုးအစား အမျိုးမျိုးအတွက် ကိုယ်ပိုင်Website တခုရှိခြင်းသည် မိမိလုပ်ငန်းအတွက် ကြော်ငြာ၊ ရောင်းချခြင်းများအတွက် အကျိုးရှိရုံသာမက မိမိလုပ်ငန်း အပေါ် Customers များ၏ယုံကြည်မှုကိုပါရရှိနိုင်စေသော အရာတခုလည်းဖြစ်ပါသည်။ မည်မျှပင်သေးငယ်သောလုပ်ငန်း ပင်ဖြစ်စေကာမူလုပ်ငန်း တိုးတက်ရန်အတွက်လည်းကောင်း ၊ ခေတ်နှင့် အညီ ဖြစ်စေရန်အတွက်လည်းကောင်း ၊လုပ်ငန်း၏ အခြေအနေကိုလိုက်၍ မိမိလုပ်ငန်းနှင့် သင့်လျော်သော ကိုယ်ပိုင် Website တစ်ခုကို ပြုလုပ်သင့်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။

Scroll To Top